☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

အဖွဲ့လုပ်ဆောင်ချက်

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ

ဆရာတော်ဆန်နီနေမင်းနှင့်တကွသံဃာတော်များဖြေကြားပေးမည်
ဖြစ်ပါသဖြင့် မိမိ ကိုးကွယ်ယုံကြည်နေသောဘာသာ
တ၇ားအပေါ် မယုံမကြည်မဖြစ်အောင် မေးမြန်းနိုင်ပါသည်။ မိမိ စိတ်ထဲမှာဘာသာရေးနဲ့ပတ်သက်လို့မရှင်းတာကိုလွတ်လပ်စွာမေးမြန်းနိုင်ပါသည်။

ဆိုဒ်လိပ်စာ= http://buddhismworld.ning.com
တည်နေရာ= ဗုဒ္ဓကမ္ဘာ(အင်းလေး)
အဖွဲဝင်များ= 148
နောက်ဆုံးလုပ်ဆောင်မှု= Jul 25

ဆရာတော်အရှင်သူမြတ်တို့ဘုရား..........ဗုဒ္ဓဘာသာဝင်များ၏ မသိသေးသောအရာများ၊ စိတ်ထဲမှာဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ မရှင်းမလင်းရှိတာများ၊ဘာသာရေး ပြဿနာများကို မန်ဘာများမှမေးလျှောက်ထားပါက ဗုဒ္ဓကမ္ဘာ ဆိုဒ်ထဲတို့ရောက်ရှိလာကြကုန်သောဆရာတော်အရှင်သူမြတ် တို့ ဘုရား မေတ္တာရှေ့ထားပြီး သနားသေားအားဖြင့် ဖြေကြား ပေးပါရန်.........ဘုရား တပည့်တော် ကောင်းမြတ်မင်း မှရိုသေစွာတောင်းပန် လျှောက်ထားအပ်သည်အရှင်သူမြတ်တို့ ဘုရား။...

မိတ်ဆွေများ၏ရေးသားချက်

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

ဇော်ထက်မောင် သည် မေ 13, 2014 က 8:46pmတွင် မှတ်ချက်ရေးသားသွားပါသည်။

သာဓုခေါ်ပါတယ်အစ်မ.. တစ်ခုသိထားရမှာက ပုထုဇဉ်ဆိုတာ အရူးပါလို့ မြတ်စွာဘုရား ဟောထားတာရှိပါတယ်။ စိတ်လည်းမတည်ငြိမ်တဲ့အတွက် အယူလွဲပြီး ဂတိလည်း မမြဲနိုင်ဘူး။ ဒါ့ကြောင့် သာမန်လူတွေအဖို့ အကုသိုလ်စိတ်ကို လုံးဝမဖြစ်အောင် တားဖို့ဆိုတာ ဈာန်ရအောင်အားထုတ်ဖို့ပဲရှိတယ်။ အဲဒါရှိနေရင်တော့ အကုသိုလ်စိတ်မလာဘူးပေါ့လေ။ ဖြစ်တတ်ပါတယ် ဒါ့ကြောင့် အဲဒါကို စိတ်ထဲမထားဘဲ ထုတ်ပစ်လိုက်ပါ။ ပြန်တွေးမိတဲ့အခါ အဲဒီအကုသိုလ်စိတ် ပြန်ဖြစ်ပါတယ်ခင်ဗျ။ အကျိုးအပြစ်ကတော့ ကိုယ်လှူတဲ့အလှူအပေါ် တွန့်တိုတဲ့စိတ်မျိုးမဟုတ်လို့ သိပ်တော့မပြောပလောက်ဘူးပဲ ပြောရမယ်။ ကံတခုကို အကျိုးမပေးစေဘဲ ပြေပျောက်သွားအောင်လုပ်တဲ့နည်းဟာ အရဟတ္တမဂ်ရအောင် အားထုတ်တဲ့နည်းပဲရှိမယ်။ အဲဒါမှမဟုတ်ရင်တော့ ကျန်တဲ့နည်းမရှိဘူး။ ဆိုလိုတာက ဗြဟ္မာ့ပြည်ကအပ်နဲ့ လူပြည့်ကအပ် ထိအောင်ပစ်ခိုင်းသလို မဖြစ်နိုင်ဘူးပဲ ပြောရမယ်။ ဘာလို့လည်းဆိုတော့ အဟောသိကံဖြစ်ဖို့ဆိုတာ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ကံနှစ်ခု အကျိုးပေးချိန်တူမှာသာလျှင် အားနည်းတဲ့ကံဟာ အဟောသိကံဖြစ်သွားလိမ့်မယ်။ အဲဒီတော့ မကောင်းတဲ့ကံနဲ့ ကောင်းတဲ့ကံကို တစ်ချိန်တည်း တစ်ပြိုင်တည်းအကျိုးပေးချိန်တူအောက် လုပ်ပေါ့။ အဘိဓမ္မာရဲ့ စိတ်ပိုင်းနဲ့ စေတသိက်ပိုင်းကို သေချာလေး လေ့လာလိုက်ရင် နားလည်လာမယ်လို့ ယူဆတယ်ခင်ဗျ။ ကံအရာဟာ သဗ္ဗညုတဥာဏ်အရာသာဖြစ်လို့ ကျွန်တော်တို့လည်း အတပ်မသိနိုင်ပါဘူးခင်ဗျာ။ တက်နိုင်သလောက် ကုသိုလ်ပြုပြီး ကောင်းတဲ့စိတ်မွေးခြင်းကိုသာ စွဲစွဲမြဲမြဲနဲ့ မမေ့မလျော့လုပ်ပါလို့ပဲ တိုက်တွန်းဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။

ဇော်ထက်မောင် သည် မေ 13, 2014 က 8:33pmတွင် မှတ်ချက်ရေးသားသွားပါသည်။

မေးထားတာတွေကကြာပြီ အရှင်ဘုရားလည်း အားပုံမရတော့ သိသလောက်လေးနဲ့ပဲ ဝင်ဖြေကြည့်ပါ့မယ်။ ကိုသောင်းတန်ရဲ့ ဥပုသ်သီလကို အရင်ပြောကြည့်မယ်ခင်ဗျ။ ဥပုသ်သီလ (ဥပေါသထသီလ) လို့ခေါ်တွင်ရတဲ့အကြောင်းရင်းက ကာမေသုအစားဝင်လာတဲ့ အဗြဟ္မစရိယာသိက္ခာပုဒ်ရယ်၊ နစ္စ ဂီတ.. သိက္ခာပုဒ်ရယ်၊ အဲဒီနှစ်ချက်က အဓိကလို့ ယူဆမိပါတယ်။ ဒါလည်းစာပေထဲမှာဖတ်ရသလောက်ကို တွေးပြီးပြောတာပါ။ ဝိကာလဘောဇနာပုဒ်ဟာ အဗြဟ္မစရိယာသိက္ခာပုဒ်ကို အထူးပြုဖို့အတွက်ရယ်၊ အလုပ်ရှုပ်သက်သာပြီးတော့ ဘာဝနာပွားဖို့ အချိန်ရစေဖို့ကို ရည်ရွယ်တာ။ အနာဂါမ်အရိယာ ဃဋိကာရအိုးထိန်းသည် ဆောက်တည်တဲ့ သီလဟာ ခြောက်ပါးသီလလို့ မှတ်ဖူးတယ်။ ကာမေသုအစားမှာ အဗြဟ္မာစရိယာ၊ ပြီးတော့ နစ္စဂီတရယ် ပေါင်းရင် ခြောက်ပါးပေါ့။ တစ်ထိုင်ဥပုသ်ဆိုတာရှိပါတယ်။ တကယ်တော့ တစ်ထိုင်ရယ်မှမဟုတ်ပါဘူး ကိုယ့်ရဲ့ အဓိဋ္ဌာန်ချက်နဲ့ပဲ သက်ဆိုင်တယ်။ တစ်ရက်ဆိုပြီး ပြောကြတာက ဒီခေတ်မှာ အများသောအားဖြင့် တစ်ရက်ပဲ စောင့်လို့ တစ်ရက်ဖြစ်တာပါ။ သီလယူကတည်းက တစ်ဝါတွင်း စသည်ဖြင့် အဓိဋ္ဌာန်ပြီးယူထားရင် နောက်နေ့တွေမှာ သီလပြန်ယူဖို့မလိုအပ်ပါဘူး။ အဓိဋ္ဌာန်ထားတဲ့ အချိန်ပြည့်တာနဲ့ မောင်းလွှတ်ဖို့လည်းမလိုဘူး။ ဒါ့ကြောင့် တစ်ထိုင်သီလဆိုတာရှိတယ် အဲဒီလိုစောင့်မယ်လို့ ခံယူထားရင်လည်း မုသာဝါဒမမြောက်သလို စောင့်သလောက်လည်း အကျိုးရပါတယ်ခင်ဗျာ။ သီလတခုချိုးဖောက်ရင် အကုန်လုံး ကျိုးတယ် မကျိုးဘူးဆိုတာ သီလယူပုံနဲ့ သက်ဆိုင်ပါတယ်။ အကုန်လုံးကို တစ်ခါတည်းပေါင်းယူလိုက်တဲ့ပုံဆိုရင်တော့ တစ်ခုပျက်ရင် အကုန်ပျက်တယ်။ ပုံမှန်ယူနေကျပုံစံမျိုး တစ်ခုချင်း လိုက်ယူမယ်ဆိုရင်တော့ တစ်ခုကျိုးလည်းကျန်တာမကျိုးနိုင်ပါ။ ဥပုသ်သီလမှာတော့ အဗြဟ္မစရိယာပါဝင်တဲ့ ပင်မငါးပါးသီလ၊ နစ္စ ဂီတပုဒ် နဲ့ ဥစ္စာသယနာ သိက္ခာပုဒ်တွေ ကျိုးရင်တော့ ဥပုသ်သီလလို့ ခေါ်တွင်နိုင်မယ်တော့ မထင်တော့ဘူး။ ဒါပေမဲ့ ကျန်တဲ့သိက္ခာပုဒ်တွေကလည်း အကုန်လုံး တပေါင်းတည်းယူထားတာ မဟုတ်ရင် မကျိုးပါဘူးခင်ဗျာ။ ကျွန်တော်ဖတ်မှတ်ရသလောက် ဖြေပေးတာဖြစ်လို့ အမှားပါခဲ့ရင်လည်း ထောက်ပြဝေဖန်ဖို့ တိုက်တွန်းပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ..။

အလင်းရောင် သညှ်ဧပြီ 24, 2014 က 7:32amတွင် မှတ်ချက်ရေးသားသွားပါသည်။
အရှင်ဘုရား ငါးပါးသီလကို မကျိုးမပေါက်အောင်စောင့်ထိန်းပုံ
အသေးစိတ်ကို ရှင်းပြပေးပါဘုရား
မရွှေ သညှ်ဧပြီ 22, 2014 က 6:52pmတွင် မှတ်ချက်ရေးသားသွားပါသည်။

အရှင်ဘုရား တပည့်တော် မေးခွင့်ပြုပါဘုရား..
လွန်ခဲ့တဲ့တပတ်ကပဲတပည့်တော်သားလေးကိုရှင်ပြုအလှူလေးတခုလုပ်ပါတယ်ဘုရား
အလှူအတွက်ကြည်နူးပိတီလည်းဖြစ်မိပါတယ်
ဒါပေမယ့် အဲဒီအလှူမှာဧည့်သည်တွေလာတာများတဲ့အတွက်ဧည့်ခံကျွေးမွေးတဲ့နေရာမှာ လိုအပ်ချက်တွေဖြစ်လာပါတယ် အဲဒီအချိန်မှာ အမျိုးတွေထဲကတချို့ကထဧည့်ဝတ်မပြု မကူညီပဲနေနေတာကိုမြင်တော့ဒေါသထွက်မိတယ်...အလှုအတန်းလုပ်နေချိန်မှာဒီလိုစိတ်မျိုးပေါ်တာမကောင်းဘူးဆိုတာသိနေပေမယ့် ဧည့်သည်တွေကို ဧည့်ဝတ်မကြေမှာကိုစိုးစိတ်နဲ့ဒီလိုဒေါသတွေပေါ်လာတော့တယ်..အဲဒီလိုဖြစ်သွားမိတာဘယ်လိုမျိုးအကျိုးအပြစ်ဖြစ်နိုင်ပါလဲဘုရား..အလှူတခုလှူတဲ့အခါတိုင်းတွဲတွဲပါလာတတ်တဲ့ဒေါသမောဟစိတ်တွေဟာအဲဒီအလှူကိုဘယ်လိုအကျိုးအပြစ်ဖြစ်စေပါသလဲဘုရား..အဲဒီလိုစိတ်ဖြစ်သွားမိပြီဖြစ်တဲ့အတွက်အဲဒီအပြစ်ကိုပြေပျောက်အောင်လုပ်လို့ရပါသလားဘုရား..

Thaung Tan သညှ်ဧပြီ 14, 2014 က 2:53pmတွင် မှတ်ချက်ရေးသားသွားပါသည်။

အရှင်ဘုရား တပည့်တော် တစ်ခုလောက် မေးပါရစေဘုရား
လူပုဂ္ဂိုလ် တစ်ချို့  ဥပုသ်ကျောင်းက ပြန်လာတဲ့အခါ “ငါတို့ က ကျောင်းထဲဥပုသ်ပဲစောင့်တာ၊ကျောင်းထဲတွင်ပဲထားခဲ့ပြီ ကျောင်းထဲက ထွက်တာနဲ့ ညစာစားလို့ လည်းရတယ်၊ တစ်ခြားဥပုသ်သီလတွေလည်းချိုးသလိုမဖြစ်တော့ဘူး”ပြောကြပါတယ်၊တပည့်တော်နားလည်တာက “၀ိကာလဘောဇနာ”နေ့ လွဲညစာဆိုတာ ဥပုသ်နေ့  နေ့ ခင်း၁၂နာရီက စပြီး နောက်ရက်အာရုံတက်ထိစောင့်မှ ရတယ်လို့ ထင်ပါတယ်၊ကျောင်းထဲဥပုသ် ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်အောင်ပါဘဲဘုရား၊ပြီးတော့ ဥပုသ်သီလ ယူတဲ့အခါ ဘုန်းကြီးချပေးတဲ့ ဥပုသ်သီလသိက္ခာပုဒ်တွေကို လိုက်ဆိုရပါတယ်၊ “အာမဘန္တေ”လိုက်နာပါ့မယ်ဘုရားလို့ လည်း ဆိုခဲ့တယ်၊ကျောင်ထဲဥပုသ်စောင့်သူတွေက ကျောင်းထဲတွင်စောင့်တာဆိုတော့၊“ လိုက်နာပါ့မယ်ဘုရား” ဆိုခဲ့တဲ့ စကားကိုလည်း ဖေါက်ဖျက်ရာကျပါတယ်၊ တစ်နည်းအားဖြင့် “မုသာဝါဒကံ”ပါ တစ်ပြိုင်နက် ကျူးလွန်ရာရောက်ပါတယ်လို့ ထင်ပါတယ်ဘုရား၊ကျောင်းထဲဥပုသ်စောင့်သူများဟာ ငါးပါးသီလမှာအပါအ၀င်ဖြစ်တဲ့ “မုသာဝါးကံ”ကိုပါ ချိုးခဲ့တဲ့အတွက် ဘုရားရှေ့  ဘုန်းကြီးရှေ့ သွားပြီး ဘုရားကိုလည်းလိမ်တယ်၊ဘုန်းကြီးကိုလည်း လိမ်တယ် တပါတည်း မိမိကိုယ်ကိုပါ လိမ်သလိုဖြစ်နေလို့  တပည့်တော် သဘောမကျနိုင်တာပါဘုရားဘုန်းဘုန်းဘုရား အများအတွက် အမှားမဖြစ်ရအောင် ရှင်းလင်းဖြေကြားစေလိုပါတယ်ဘုရား၊

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) သည် စက်တင်ဘာ 17, 2013 က 4:03amတွင် မှတ်ချက်ရေးသားသွားပါသည်။

အခြားဘုရားတွေ ၀ဋ်ကြွေးမခံရဘူးလို့ စာပေတွေမှာ မပါပါဘူး..။ ၀ဋ်နဲ့ကံကို ခွဲခြားသိရပါမယ်..။ ဒီနှစ်ခုကို ခွဲခြားမသိရင် လွဲချော်မှုတွေရှိနိုင်တယ်...။

၂၆၀၀-ပြည့်နှစ်ဟာ သာသနာနှစ်မဟုတ်ပါဘူး..။ ဗုဒ္ဓနှစ်ပါ..။ ပြီးခဲ့သည့်(၂)နှစ်က သာသနာနှစ်(၂၅၅၅)ခုနှစ်ပါ..။ မြတ်စွာဘုရားရှင်ဟာ အသက်(၃၅)နှစ်မှာ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပြီး သက်တော်(၈၀)အရွယ်မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါတယ်..။

အဲဒီဘုရား ဖြစ်ခဲ့ကာလ(၄၅)နှစ်နှင့် အထက်ကပြောခဲ့တဲ့ သာသနာနှစ်(၂၅၅၅)တို့ကို ပေါင်းလိုက်မယ်ဆိုရင် (၂၆၀၀)ပြည့်နှစ်ဖြစ်သွားပါလိမ့်မယ်..။ အဲဒါကိုပဲ ဗုဒ္ဓနှစ်(၂၆၀၀)ပြည့်ပွဲ လုပ်ကြတာပါ..။

ရွှင်လန်းချမ်းမြေ့ကြပါစေ..။

မျိုးချစ်သူ သည် စက်တင်ဘာ 16, 2013 က 11:23pmတွင် မှတ်ချက်ရေးသားသွားပါသည်။

တစ်ခြားသောမြတ်စွာဘုရားတွေါဝဋ်ကြွေးမခံရပဲ ဂေါတမမြတ်စွာဘုရားဘာကြောင့် ၀ဋ်ကြွေးတော်ခံ
ရသနည်း။သက္ကရာဇ် ၂၆၀၀ရရှိအောင်တွက်ပုံ တို့ကို ကှေးဇူးပြုကာဖြေကြားပေးပါ အရှင်ဘုရား.....

ကိုရဲလေး သည် သြဂုတ် 24, 2013 က 4:48pmတွင် မှတ်ချက်ရေးသားသွားပါသည်။

လေးစားအပ်ပါသောဆရာတော်များနှင့်လူပုဂ္ဂိုလ်သူငယ်ချင်းမျာခင်ဗျကျနော်သိချင်တာက ကမ္ဘာတည်တရွေ့တည်ရှိနေမဲ့အရာ၎မျိုးက=လပေါ်ကယုန်ရုပ်ရယ်=ဃတိကာရအိုးထိန်သည်နေတဲ့အိမ်ရယ်=အစစ်မပါတဲ့ကျူပင်တွေရယ်=ဘုရားအလောင်းတော်ငုံးမင်းပရိပ်ရွက်တဲ့ဘယ်အခါမှမီးမလောင်တဲ့နေရာရယ်=လို့သိရပါတယ်ခင်ဗျအဲ့ဒိဟာတွေကဘယ်အရပ်ဘယ်ဒေသမှာရှိနိုင်ပါသလည်းဆိုတာဗဟုသုတအနေနဲ့သိချင်ပါတယ်မေတ္တာရှေ့ထားဖြေးကြားပေးကြပါခင်ဗျ

ကိုကျော်သန်း သည် သြဂုတ် 24, 2013 က 1:18pmတွင် မှတ်ချက်ရေးသားသွားပါသည်။
၁ ...ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးတာနှင့် အမြင်ငြိမ်း အနေအေးခြင် နှင့်
၂.. .ဖြစ်ပျက် ဖြစ်ပျက် မှသည် မဖြစ်မပျက် ထွက်သွားခြင်း ဖြစ်ပျက် စီတ်စီတ်မြင်ရာမှ ဖြစ်ပျက်ရပ်
သွားခြင် အမြင်ငြီမ်း အနေအေးခြင့့်  မှတ်ချက် ငြီးငွေမုန်းခြင်းမပါ
၃... ဒီ နှစ်ချက် ကွာခြာချက် ၇ှိသည်ဟု မြင်မီပါတယ် ဘယ်မက်က ဘယ်လိုကွာခြားနေသည်ကို
ဘယ်အတိုင်တာနှင့် ဘယ်လောက်ထိ ဘယ်ဟာ ဘယ်လို ကွာခြားသည်ကို ထင်ရှာ ရှင်လင်းပေးကြပါရန် လေးစာစ္စာဖြင့်
ကိုကျော်သန်း သည် သြဂုတ် 24, 2013 က 1:17pmတွင် မှတ်ချက်ရေးသားသွားပါသည်။
၁ ...ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးတာနှင့် အမြင်ငြိမ်း အနေအေးခြင် နှင့်
၂.. .ဖြစ်ပျက် ဖြစ်ပျက် မှသည် မဖြစ်မ
 
 
 

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

hla moe 24 သည် thein wai's၏ 'သူ့အကြောင်း ကိုယ့်အကြောင်း။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးတင်ပါတယ်"
2 နာရီအကြာ
hla moe 24 သည် thein wai's၏ 'သေခြင်းအကြောင်း ၄ မျိုး။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"အကြိုက်ဆူံးစာအုပ်ပါ"
2 နာရီအကြာ
hla moe 24 သည် thein wai's၏ 'ထိုသူပညာရှိ။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးတင်ပါတယ်"
2 နာရီအကြာ
မြူနှင်းမှုံ သည်thein wai's ၏ 'မိသားစု တစ်စုလုံး ငြိမ်းအေးလိုလျှင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
တနင်္ဂနွေ
zaw moe liked zaw moe's discussion အတက်သိက ဖြေကြားပေးပါဘရား
Aug 10
kyaesinsan သည်thein wai's ၏ 'ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Aug 8
Thet Thet Aung shared their blog post on Facebook
Jul 30
ဖိုးကံထူး သည် A BuddhismworldAdmin's ၏ 'ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ' အဖွဲ့တွင်မှတ်ချက်ရေးခဲ့ပါသည်။
"Naynayအပြစ်​မဖြစ်​နိုင်​ပါဘူး ကျုယ်​ကတကယ်​​မေတ္တ္တ္တာထားနိုင်​ဖို့ပဲရှိတယ်​ယူနိုင်​ပါတယ်​…"
Jul 25
ဖိုးကံထူး joined A BuddhismworldAdmin's group
Thumbnail

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ

ဆရာတော်ဆန်နီနေမင်းနှင့်တကွသံဃာတော်များဖြေကြားပေးမည် ဖြစ်ပါသဖြင့် မိမိ…See More
Jul 25
ဖိုးကံထူး liked ဖိုးကံထူး's profile
Jul 25
ဖိုးကံထူး သည်thein wai's ၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 25
ဖိုးကံထူး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 24

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...