☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

အမေးအဖြေ(၄)

မေးမြန်လျှောက်ထားသူ=(ကောင်းမြတ်မင်း)အရှင်ဘု၇ားတပည့်တော် မရှင်းတာတစ်ခုရှိပါတယ်ဘု၇ား ဆရာတော်ဦးသုမင်္ဂလတရားထဲမှာ ဘုရားဟောကြားသောနစ္စ ဂီတ ၀ါဒိတ ကအကုသိုလ် မုဆိုးတစ်သက်လုပ်လုံးသတ်သောအကုသိုလ်ထက် တောင်ယာတစ်ကွက် မီးရှိုသောအကုသိုလ်သည်ပိုပြီးအပြစ်များတယ်..တောင်ယာတစ်ကွက်မီးရှိုသောအကုသိုထက် ဇာတ်သဘင်တစ်ညကြည့်သောအားကုသိုလ်က ပိုများသည်လို့ တပည့်တော် နာကြားဖူးပါသည်ဘု၇ား ..........သို့ပါသောကြောင့် သီချင်းနားထောင် ခြင်း ....video ဇတ်လမ်းများကြည့်ခြင်း...သည် (၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ ဆိုသော၈ပါးသီလထဲကနံပါတ်(၇)ကိုထိနေပါသည်။ သီချင်းနားထောင်ခြင်း..video ဇတ်လမ်းများကြည့်ခြင်းသည်..လူသားများအတွက်အပြစ်ရှိပါသလား....?(၈)ပါးသီလမယူပဲသီချင်းနားထောင်တာ..video...ဇတ်လမ်းကြည့်ရင်အပြစ်ရှိပါသလား.......? တပည့်တော်သည်အထက်ပါ ကိစ္စတွေကိုမရှင်းမလင်းနားမလည်သဘောမပေါက်နိုင်ပါသဖြင့် ဆရာတော်အရှင်သူမြတ်များဖြေကြားပေးပါရန်.......တပည့်တော်ကောင်းမြတ်မင်းမှ ရိုသေစွာတောင်းပန်လျှောက်ထားအပ်ပါသည်အရှင်မြတ်တို့ဘု၇ား။ ဆရာတော်(ဆန်နီနေမင်း)မှပြန်လည်ဖြေကြားထားပါသည်။ ဟုတ် ဒကာ။ ငါးပါးသီလသည် လူသားအားလုံး လိုက်နာရမည့် ကိုယ့်ကျင့်တရား သီလဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်မပွင့်ခင်ကတည်းက ငါးပါးသီလကို လူသားများ လိုက်နာကျင့်ကြံပါတယ်။ ရှစ်ပါးသီလကတော့ မြင့်မြတ်သူတို့ရဲ့ အကျင့်တရားဖြစ်တာကြောင့် မိမိကျင့်နိုင်လေ ကောင်းလေပါပဲ ဒကာ။ မိမိက ရှစ်ပါးသီလမဆောက်တည်ထားသောကြောင့် ရှစ်ပါးသီလထဲက နစ္စဂီတသိက္ခာပုဒ်ကို ကျုးလွန်မိလျှင်တော့ ရှစ်ပါးသီလအပြစ် မဖြစ်ပါ။ သို့သော် ကုသိုလ်အကုသိုလ်ဆိုသည်မှာ သူ့ကိစ္စနှင့်သူ လုပ်လျှင်လုပ်သလို အကျိုးပေးသောကြောင့် မိမိလုပ်တဲ့ဆိုင်ရာ ကောင်းကျိုးဆိုးကျိုးများကို ယခုဘ၀ သို့မဟုတ် နောက်ဘ၀များစွာတွင်တော့ ခံစားရပါမည်။ ငါးပါးသီလသည် လူသားမှန်လျှင် စောင့်ထိန်းသင့်သော ကိုယ့်ကျင့်တရားဖြစ်ခြင်းကြောင့် လူသားဖြစ်ပါက နေ့စဉ် စောင့်ထိန်းသင့်ပါသည်။ ရှစ်ပါးသီလကိုတော့ မိမိမကျင့်သုံးနိုင်ပါက မစောင့်ထိန်းပဲ နေနိုင်သော်လည်း တက်နိုင်သမျှ ရှောင်ကြဉ်နိုင်အောင်တော့ ကြိုးစားသင့်ပါသည်။ ဆရာတော်ဦးသုမင်္ဂလပြောသော နစ္စဂီတ၀ါဒိတ-ရုပ်ကြည့်အသံနားထောင် ပွဲလမ်းသဘင် ကြည့်ခြင်း အကုသိုလ်သည် အပြစ်များတယ်ဆိုသည်မှာ ဖြစ်နိုင်ချေများတာကို ဦးတည်ပြောခြင်း ဖြစ်နိုင်ပါသည်။ တစ်ချို့သောသူများသည် ဗွီဒီယိုရုပ်ရှင်ပွဲလမ်းသဘင်ကြည့်လျှင် အကုသိုလ်များအောင် ကြည့်တတ်သလို တစ်ချို့သူတော်ကောင်းတွေမှာ တရားရအောင်လည်း ကြည့်တတ်ကြပါသည်။ ပွဲလမ်းသဘင် ရုပ်ရှင်များကြည့်ချင်သည် အဘယ့်ကြောင့် အကုသိုလ်များရသလဲဆိုရင် မိမိနှစ်သက်သူအားမြင်ရင် လိုချင်သောလောဘ၊ မိမိမတည့်သူအားမြင်လျှင် ဒေါသ၊ ရုပ်ရှင်သရုပ်ဆောင်နေတာကို အပြင်မှာဖြစ်ပျက်နေသလိုထင်မြင်မိပါက အမှန်အကို အမှန်တိုင်း မသိမှု မောဟတရားတွေ ဖြစ်ကြပါတယ်။ တစ်ချို့က မိမိနှစ်သက်သူကိုမြင်လျှင် ထိုသူအား လင်ရှိမယားရှိမသိဘဲ စိတ်ထဲကနေ ပြစ်မှားမိတာမျိုးလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အထက်ပါအချက်အလက်များဖြစ်အောင် ရုပ်ရှင်ပွဲလမ်းသဘင်ကြည့်လျှင်တော့ အပြစ်များပါသည်။ မုဆိုးကဲ့သို့ သူတစ်ပါးသက်တဲ့အကုသိုလ်က အပြစ်တစ်ခုပဲဖြစ်ခြင်းကြောင့် ရုပ်ရှင်ပွဲလမ်းသဘင်ကြည့်သူသည် အထက်ပါအချက်များစွာကို ပြစ်မှားမိပါက အပြစ်များစွာ ထိုက်သဖြင့် ဆရာတော်ဦးသုမင်္ဂလက အပြစ်ပိုများသည်ဟု ခြုံငုံ၍ ပြောလိုက်ခြင်း ဖြစ်ပါလိမ့်မည်။ ပွဲလမ်းသဘင်ရုပ်ရှင်ကြည့်သူသည် အထက်ပါအချက်အလက်များမဖြစ်ဘဲ စိတ်အပန်းဖြေ သဘောမျိုးဖြင့် အကုသိုလ်မဖြစ်အောင် ကြည့်တတ်ပါက အပြစ်မရှိပေ။ တစ်ချို့သော သူတော်ကောင်းများသည် ပွဲလမ်းသဘင်ကြည့်ခြင်းဖြင့် တရားရအောင် ကြည့်သောသူများလည်း ရှိပါသည်။ ပွဲလမ်းသဘင်ရုပ်ရှင်မှုာမြင်ရသော အချောအလှတွေကို အော် ဒါတွေဟာ မမြဲခြင်းတရား အနိစ္စတွေ၊ ဆင်းရဲခြင်းဖြစ်အောင်လုပ်မဲ့ ဒုက္ခတရားတွေ၊ ထိုအလှအပတွေဟာ ငါပိုင်မဟုတ်ဘဲနဲ့ သူ့ဘာသာအလိုလို ပျက်စီးသွားမဲ့ အနတ္တတရားတွေပါလားလို့ ဆင်ခြင်ကြည့်တတ်သူများလည်း ရှိပါသည်။ ထိုသို့ကြည့်တတ်သောသူများဆိုလျှင် ပွဲလမ်းသဘင်ကြည့်ခြင်းဖြင့် ကုသိုလ်ရသွားပါသည်။ ဥပမာဖြင့်ပြောရမည်ဆိုလျှင် ရှင်မောဂ္ဂလန်အရှင်မြတ်နှင့်ရှင်သာရိပုတ္တရာအရှင်မြတ်များသည် ပွဲလမ်းသဘင်ကြည့်ခြင်းမှ အသိတရားရပြီး တရားအားထုတ်ကြသူများ ဖြစ်ပါသည်။ ထို့ကြောင့် ဘယ်ကိစ္စမဆို မိမိရဲ့စိတ်၊ အသိဉာဏ်ပေါ်၌သာ အဓိကကျပေသည်။ သီချင်းနားထောင်သူသည်လည်း မိမိစိတ်ပျော်ရွှင်အောင်သာ နားထောင်ပါက အပြစ်မရှိပါပေ။ ထိုသို့မဟုတ်ဘဲ ဒီအသံလေးဟာ နားထောင်ကောင်းလိုက်တာဆိုတဲ့ လောဘ၊ ဒီတေးသံရှင်လေးကို လိုချင်လိုက်တာဆိုတဲ့လောဘ၊ ဒီတေးသံရှင်အသံဟာ နားကြားမြင်းကပ်လိုက်တာဆိုတဲ့ ဒေါသ၊ ဒီအသံဟာ နားထောင်ပြီးခေတ္တလေးနဲ့ပျောက်ပျက်ကာ ဖြစ်ပျက်နေပါလားဆိုတဲ့ အသိဉာဏ်မရှိမှု မောဟတွေဖြစ်နေရုံသာမက ဒီတေးသံရှင်အား စိတ်ထဲကနေ ကာယကံနဲ့ပါ ပြစ်မှားခြင်းများ ဖြစ်နေလျှင်တော့ အကုသိုလ်အပြစ်များစွာ ဖြစ်ပါသည်။ ဒါ့ကြောင့် မိမိတို့ပွဲလမ်းသဘင်ရုပ်ရှင်များကြည့်တဲ့အခါ သီချင်းနားထောင်တဲ့အခါများမှာ အကုသိုလ်မဖြစ်အောင် သတိထားကာ မိမိအတွက် အပျင်းပြေ၊ အပန်းဖြေရုံသာကြည့်ပြီး တက်နိုင်လျှင် ထိုပွဲလမ်းသဘင်ရုပ်ရှင်များမှ အသိပညာဗဟုသုတဖြစ်စေ ကုသိုလ်ရအောင်ဖြစ်စေ ကျင့်ကြံလုပ်ဆောင်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းရင်း ဒီလောက်ဆိုရှင်းမည်ထင်သောကြောင့် ဤမျှနဲ့ပဲ နားပါရစေ။ ................ (ဆန်နီနေမင်း)

မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ သို့အဖွဲ့ဝင်ပြီးမှ မှတ်ချက်များကိုရေးသားနိုင်မှာဖြစ်ပါသည်။

ကိုကျော်သန်း သည် ဖေဖော်ဝါရီ 16, 2013 က 7:35pmတွင် မှတ်ချက်ရေးသားသွားပါသည်။

ဘယ်ကိစ္စမဆို မိမိရဲ့စိတ်၊ အသိဉာဏ်ပေါ်၌သာ အဓိကကျသည် ၊ လောဘ ဒေါသ မောဟ တဏှာ မာန ( ဒီထိ ) အမြင်မှား ဖြင့် ခံစာခြင်ကြောင့်သာ အပြစ်ဖြစ်ရသည်ဟု မြင်မီပါသည်၊မေးမြန်းသူရော ဖြေကြားပေးသူဆရာတော်ကို ပါကျေးဇူးတင်ပါသည်။

zawmintun သည် ဇူလှိုင် 17, 2012 က 1:00amတွင် မှတ်ချက်ရေးသားသွားပါသည်။

ကျေးဇှုးတင်ပါတယ်

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

မြူနှင်းမှုံ သည်thein wai's ၏ 'မိသားစု တစ်စုလုံး ငြိမ်းအေးလိုလျှင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
တနင်္ဂနွေ
zaw moe liked zaw moe's discussion အတက်သိက ဖြေကြားပေးပါဘရား
Aug 10
kyaesinsan သည်thein wai's ၏ 'ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Aug 8
Thet Thet Aung shared their blog post on Facebook
Jul 30
ဖိုးကံထူး သည် A BuddhismworldAdmin's ၏ 'ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ' အဖွဲ့တွင်မှတ်ချက်ရေးခဲ့ပါသည်။
"Naynayအပြစ်​မဖြစ်​နိုင်​ပါဘူး ကျုယ်​ကတကယ်​​မေတ္တ္တ္တာထားနိုင်​ဖို့ပဲရှိတယ်​ယူနိုင်​ပါတယ်​…"
Jul 25
ဖိုးကံထူး joined A BuddhismworldAdmin's group
Thumbnail

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ

ဆရာတော်ဆန်နီနေမင်းနှင့်တကွသံဃာတော်များဖြေကြားပေးမည် ဖြစ်ပါသဖြင့် မိမိ…See More
Jul 25
ဖိုးကံထူး liked ဖိုးကံထူး's profile
Jul 25
ဖိုးကံထူး သည်thein wai's ၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 25
ဖိုးကံထူး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 24
ဖိုးကံထူး သည်hla moe 24ကို မှတ်ချက်ရေးခဲ့ပါသည်။
"မ​တွေ့တာကြာလို့ပိုလှလာတယ်​ဆရာမိုး"
Jul 24
ဖိုးကံထူး သည် thein wai's၏ 'ငါကိုယ်တိုင် သောတာပန် တည်ပြီလား။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"​မောင်​သုည​ရေးထားတာဖတ်​ဖူးတယ်​ဒီဆိုက်​မှာတင်​ထားတယ်​ ​ကျေးဇူးပါထပ်​ပီးထတ်​ရတယ်​ဦးသိန်​​ဝေ"
Jul 24
ဖိုးကံထူး သည် phyuthi's၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"သာဓုပါခင်​ဖျ အလည်​မ​ရောက်​တာကြာလို့အ​ကောင့်​​တောင်​​မေ့​နေပီ…"
Jul 24

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...