☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

ယဉ်ကျေးမှုသင်တန်း ဘယ်လိုဖွင့်ကြသလဲ? ဘယ်လိုဖွင့်ကြမလဲ?

ဒီနေ့ခေတ်မှာ တက္ကသိုလ်ကကိုယ်တော်လေးတွေ ဦးဆောင်ပြီးတော့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေ နေရာတော်တော်များများမှာ တွေ့နေရတယ်။ ဒါဟာ ၀မ်းမြောက်စရာပြယုဂ်တစ်ခုပါ....။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဝင်ဦးရေဟာ တဖြည်းဖြည်းလျော့နည်းလာတာကိုတွေ့ရတယ်။ သေသေချာချာစဉ်းစားကြည့်ရင် မဖြစ်သင့်ဘူး။ အဲဒီတော့ တပည့်တော်က တပည့်တော်မြင်တဲ့အတိုင်း ယဉ်ကျေးမှုသင်တန်းတွေမှာ လိုအပ်တာလေးတွေကို နည်းနည်းလောက်တင်ပြကြည့်မယ်။ (ကြိုက်တာ.မကြိုက်တာတော့ တစ်ကဏ္ဍပေါ့) တပည့်တော်အမြင်ကတော့ တပည့်တော်တို့တတွေ အပါယ်လေးပါး ကပ်သုံးပါးလောက်နဲ့တော့ တပည့်တော်တို့ဖွင့်နေတဲ့ယဉ်ကျေးမှုသင်တန်းဟာ အောင်မြင်တယ်လို့ပြောလို့မရပါဘူး။ ဥပမာအားဖြင့်- တပည့်တော်တို့ ငယ်.လက်.ကြီးအောင်ခဲ့တယ်။ စာတွေကိုလည်း တကယ်ကျက်ခဲ့တာပဲ၊ ကျောင်းမှာလည်း လူတော်စာရင်းဝင်ခဲ့တာပဲ...။ ဒါပေမယ့် အခုတော့ တော်တော်များများကိုမေ့နေပြီ။ ဘာတွေမှတ်မိလဲဆိုတော့ အတွေးအခေါ်တွေ အကြောင်းအရာတွေကိုတော့ မှတ်မိတယ်။ အဲဒီတော့ တပည့်တော်တို့လည်း ကလေးတွေကိုစာသင်တဲ့နေရာမှာ ဒါန-အကြောင်းသင်တဲ့အခါ
၁။ ဒါန-ဆိုတာဘာလဲ
၂။ ဒါန-ကို ဘယ်လိုပြုရမလဲ
၃။ ဒါန-ပြုခြင်းရဲ့ ပစ္စုပ္ပန်အကျိုးတရား
၎။ ဒါန-ပြုခြင်းရဲ့ တမလွန်အကျိုးတရား
၅။ ဒါန-ရဲ့ နိဗ္ဗာန်ကို အထောက်အကူပြုပုံ-စသည်ဖြင့် စနစ်တကျပြောပြမယ်ဆိုရင် သူတို့စိတ်ထဲမှာ ဘာသာတရားနဲ့ပတ်သက်တဲ့အတွေးအခေါ်တွေ အများကြီးရနိုင်ပြီး ဘာသာခြားတွေနဲ့ ပြောဆိုတဲ့အခါမှာလည်း ကိုယ့်ဘာသာရေးနဲ့ပတ်သက်ရင် အမြဲအဆင်သင့်ဖြစ်နေစေရမယ်ဆိုတဲ့ ယုံကြည်ချက်လေးရတဲ့အထိ တိုးတက်လာနိုင်ပါတယ်။
အခုပုံစံအတိုင်းဆက်သွားနေရင်တော့ အကျိုးတော့များပါတယ်၊ ဒါပေမယ့် များသင့်သလောက်မများဘူးဖြစ်နေတယ်။ ဗုဒ္ဓတရားတော်တွေကို ခေတ်နဲ့အညီ နှိုင်းယဉ်ဝေဘန်ပြီး စီးပွားရေး...စစ်ရေး...အုပ်ချုပ်ရေး....ပညာရေး....အချစ်ရေ...လူမှုဆက်ဆံရေးစတာတွေနဲ့ပတ်သက်ပြီး ဗုဒ္ဓဟောကြားတော်မူခဲ့တာကို တက်နိုင်သလောက်ထုတ်ဖော်ပြောပြသင့်ပါတယ်။ ဒီလိုပြောနိုင်အောင်လည်း တပည့်တော်တို့က ပြည့်ဝသူတွေဖြစ်အောင် ကြိုးစားသင့်ပါတယ်ဘုရား.....
အထက်မှာ ဖော်ပြခဲ့တာတွေထဲမှာ... ဥပမာ လူငယ်တွေစိတ်ဝင်စားတဲ့ အချစ်ရေးဆိုပါတော့...။ ဗုဒ္ဓစာပေထဲမှာ ချစ်ရေးဆိုနည်းပါသလားလို့ လူတွေကမေးချင်မေးပါလိမ့်မယ်.... တပည့်တော်ရဲ့အမြင်ကတော့ ပါပါတယ်..ဒါဆို ဘယ်နေရာ,ဘယ်ကဏ္ဍတွေမှာပါသလဲလို့ မေးစရာဖြစ်လာပြီ...။
ဥပမာအားဖြင့် မင်းကုသဇာတ်တော်မှာပဲကြည့် ပဘာဝတီရဲ့အချစ်ကိုရဖို့ မင်းကုသဘယ်လိုကြိုးစားခဲ့သလဲ... အနစ်နာခံခဲ့တယ်... ယောကျာ်းတစ်ယောက်ရဲ့ လက်ရုံးရည်,နှလုံးရည်နဲ့ နောက်ဆုံးမှာ ပဘာဝတီရဲ့အချစ်ကို ရယူနိုင်ခဲ့တယ်မဟုတ်လား...။ ဇိဉ္စမာနနဲ့စတွေ့ဆုံ အတိတ်ဘ၀မှာလည်း ဒီအတိုင်းပဲ... အရက်သမားဘ၀နဲ့ တရားဓမ္မကိုရှာဖွေနေသူ ဇိဉ္စမာနလောင်း ပရဗိုဇ်မရဲ့ အထင်ကြီးမှုကိုရဖို့ သူ့ထက်မြင့်မြတ်သာလွန်တဲ့ အကျင့်မျိုးဟန်ဆောင်ပြီး နောက်ဆုံးမှာတော့... အရက်အိုးကိုထမ်းပြီး နောက်ကလိုက်ရတဲ့အဖြစ်မျိုးထိတောင် စွမ်းဆောင်နိုင်ခဲ့တယ်လေ..။ ဒါ... ဗုဒ္ဓကျမ်းလာ ချစ်ရေးဆိုနည်းပေါ့....။
ဒါဆို... စစ်တိုက်နည်းရောရှိလားလို့ မေးစရာဖြစ်လာပြန်ရော...ရှိတယ်လေ..။
မဟာဇနကဇာတ်တော်မှာ အရိဋ္ဌဇနကနဲ့ ပေါဋ္ဌဇနကညီအစ်ကို စစ်တိုက်တဲ့ပုံစံကို ကြည့်ပါလား...။ ညီငယ်က နန်းတော်ကထွက်ပြေးပြီးတော့ နယ်စွန်နယ်ဖျားတွေကို အရင်ဦးဆုံးစတိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးမှာ မြို့တော်ဆီချဉ်းကပ်လာပြီး အကိုဖြစ်သူကို အနိုင်တိုက်ခဲ့တယ်...။ ဒီမှာ ဆိုလိုချင်တာက ရန်သူက အင်အားကောင်းပြီး ကိုယ်ကအင်အားနည်းနေရင် ပျောက်ကြားစနစ်ကို သုံးရမယ်..။ ကိုယ်က အင်အားကောင်းပြီး ရန်သူကအင်အားနည်းနေရင်တော့ တစ်စုတစ်ဝေးတည်းနဲ့ အကောင်းဆုံးတိုက်ခိုက် အနိုင်ယူရမယ်ဆိုတာလေ..။
ဒါ့အပြင် မဟောသဓာဇာတ်မှာလည်း ရန်သူဘုရင်ရဲ့ဝန်းရံမှုကို ခံရတဲ့အခါမှာ ရန်သူဘုရင်ရဲ့နန်းတော်ထိရောက်အောင် ဥမင်လှိုင်ခေါင်းတူးပြီး မိဖုရား,မယ်တော်,သမီးတော်တွေကို ရအောင်ကြံဆောင်ခဲ့ပြီး ရန်သူဘုရင်ကို အငိုက်မိစေတဲ့အပြင် ဧက၀ဋ်ပုဏ္ဏားကိုအောင်နိုင်ခန်းဟာလည်း အရမ်းကို ခမ်းနားလွန်းခဲ့တယ်လေ....။ ဒါတွေက သိသာရုံလေးတွေ ထုတ်ပြထားတာပါ....။ ဒါမျိုးတွေ ဗုဒ္ဓစာပေမှာ အများကြီးပါပါတယ်...။ ဒုတိယကမ္ဘာစစ်က ခေတ်စားခဲ့တဲ့ မြေအောက်လှိုဏ်ခေါင်းဟာ ဗုဒ္ဓနောက်ပိုင်း အများကြီးကိုခေတ်နောက်ကျပါသေးတယ်...။
နောက်ဆုံးပြောချင်တာကတော့ သုတေသနအားနဲ့ လူတွေရဲ့စိတ်ထဲမှာ ဘာသာခြားတွေကမေးရင်တောင် ကိုယ့်ဘာသာရဲ့အကြောင်းကို ခေတ်မှီမှီဖြေကြားနိုင်တဲ့ ကျောင်းသား,ကျောင်းသူကောင်းတွေ မွေးထုတ်ပေးနိုင်အောင် တပည့်တော်တို့ကိုယ်တိုင်က ခေတ်မဆန်ဘဲ ခေတ်မှီတဲ့တွေးခေါ်ခြင်းမျိုး အဲဒီလိုတွေးခေါ်နိုင်တဲ့အရည်အချင်းမျိုးတွေ လိုအပ်နေပြီ..။
အဲ... တစ်ခုတော့ရှိတယ်... ဘယ်လိုပဲ အတွေးအခေါ်ခေတ်မီပါစေ... အနေအထိုင်တော့ ရိုးရမယ်နော်.....။ ။ ။ ။ ။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

မြူနှင်းမှုံ သည်thein wai's ၏ 'မိသားစု တစ်စုလုံး ငြိမ်းအေးလိုလျှင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
တနင်္ဂနွေ
zaw moe liked zaw moe's discussion အတက်သိက ဖြေကြားပေးပါဘရား
Aug 10
kyaesinsan သည်thein wai's ၏ 'ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Aug 8
Thet Thet Aung shared their blog post on Facebook
Jul 30
ဖိုးကံထူး သည် A BuddhismworldAdmin's ၏ 'ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ' အဖွဲ့တွင်မှတ်ချက်ရေးခဲ့ပါသည်။
"Naynayအပြစ်​မဖြစ်​နိုင်​ပါဘူး ကျုယ်​ကတကယ်​​မေတ္တ္တ္တာထားနိုင်​ဖို့ပဲရှိတယ်​ယူနိုင်​ပါတယ်​…"
Jul 25
ဖိုးကံထူး joined A BuddhismworldAdmin's group
Thumbnail

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ

ဆရာတော်ဆန်နီနေမင်းနှင့်တကွသံဃာတော်များဖြေကြားပေးမည် ဖြစ်ပါသဖြင့် မိမိ…See More
Jul 25
ဖိုးကံထူး liked ဖိုးကံထူး's profile
Jul 25
ဖိုးကံထူး သည်thein wai's ၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 25
ဖိုးကံထူး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 24
ဖိုးကံထူး သည်hla moe 24ကို မှတ်ချက်ရေးခဲ့ပါသည်။
"မ​တွေ့တာကြာလို့ပိုလှလာတယ်​ဆရာမိုး"
Jul 24
ဖိုးကံထူး သည် thein wai's၏ 'ငါကိုယ်တိုင် သောတာပန် တည်ပြီလား။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"​မောင်​သုည​ရေးထားတာဖတ်​ဖူးတယ်​ဒီဆိုက်​မှာတင်​ထားတယ်​ ​ကျေးဇူးပါထပ်​ပီးထတ်​ရတယ်​ဦးသိန်​​ဝေ"
Jul 24
ဖိုးကံထူး သည် phyuthi's၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"သာဓုပါခင်​ဖျ အလည်​မ​ရောက်​တာကြာလို့အ​ကောင့်​​တောင်​​မေ့​နေပီ…"
Jul 24

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...