☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...
ဘုန်းကြီးကျောင်း ဓမ္မာရုံတွေ(သို့)သာသနရိပ်သာတွေမှာ လူတို့၏ လောကီအမှု(မဂ်လာဆောင်)အခမ်းအနားကျင်းပခြင်းသည် သင့်တော်မှုရှိမရှိ(သို့)အပြစ်သင့်မသင့် သိလိုပါ၏...။ဘုရားရှင်လက်ထက် အခါကရော ရှိခဲ့ဘူးလား.......။ လေးစားစွာဖြင့်...

ကြည့်နှုန်း= 468

အထက်ပါအကြောင်းအရာကို boxထဲတွင်အသစ်ဆွေးနွေးရန်

ပြန်လည်ဆွေးနွေးချက်များ....(ရိုင်းစိုင်းသောဆွေးနွေးမှုများကိုသီးခံပေးပါရန်)

မသင်.တော်ဘူးလို.ထင်ပါတယ်။အပြစ်ဖြစ်မဖြစ်က ၀ိနည်းနားလည်တဲ.ဆရာတော်ကြီးတွေကိုလျှောက်ထားရင် သင်.တော်မယ်ထင်ပါတယ်။ အလှူငွေ လိုအပ်လို. နည်းလမ်းတစ်ရပ်အနေနဲ.ရှာတယ်ဆိုရင်တောင် သပ်သပ်တစ်နေရာမှာ အဆောက်အဦးဆောက်ပြီးရှာသင်.ပါတယ်။အထူးသဖြင်းဓမ္မာရုံတွေဆိုတာ
ကိလေသာနည်းကြောင်း ဘုရားရှင်ရဲ.တရားတော်များ သင်ကြားပို.ချ နာယူရာနေရာများသာဖြစ်သင်.ကြောင်းပါခင်ဗျာ။ရဟန်းတော်များရဲ.အမြင်ကိုလည်းဖတ်ချင်ပါတယ်ဘုရား။

ကျွန်တော်လည်း ညီညီနိုင် ဆွေးနွေးချက်ကို ထောက်ခံပါတယ်..
မသင့်တော်ဘူးလို့ထင်ပါတယ်ခင်ဗျာ...

သီချင်းသံ တွေနဲ့ ဆူညံပွက်လောနေတာကတော့ တ၇ားစခန်းတွေနဲ့မသင့်တော်ပါဘူး၊ ဒါပေမဲ ရှင်ဲပြု၇ဟန်းခံ ကထိန်စတဲ့ အလှူပွဲတွေမှာလည်း သီဆိုတီးမှုတ်မှုတွေရှိတာဘဲ နစ္စ၊ ဂီတ စတာတွေနဲ့စဉ်းစားရင်တော့ မသင့်တော်ဘူးလို့အဖြေထွက်မယ်၊ ဒါပေမဲ့ အပြု အမူကိုတင်မကြည့်ဘဲ ၇င်ထဲကစေတနာကိုကြည့်၇အောင် ထိုကဲ့သိုသီ ဆို တီးမှုတ်မှုသည်မသင့်တော်သော်လည်း တခါတရံမျှသာဖြစ်ခြင်း၊၊ ၇န်ကုန်မြို့လို ခန်းမ၊စ၇ိတ်စက နေ၇ာအခက်အခဲရှိတဲ့နေ၇ာမျိုးမှာ မိမိတို့ကို မှီခိုအားထား ကိုးကွယ်ကြတဲ့ ဒကာ၊ဒကာမတွေ၇ဲ့ အခက်အခဲကိုကူညီဖြေ၇ှင်းပေးတာဆို၇င်တော့ နားလည်ခွင့်ပြုပေးသင့်ပါတယ်လိုကျွန်တော်ထင်ပါတယ်။

ကျွန်တော့်အမြင်ကိုပြောရရင်တော့ ဓမ္မာရုံတွေမှာတော့ မပြောလိုပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ဓမ္မာရုံတွေမှာက ရဟန်းသံဃာကအမြဲတမ်းမနေဘူးဆိုတော့မပြောလိုပါဘူး ဘုန်းကြီးကျောင်းတွေမှာတော့လုံးဝကို မသင့်တော်ပါဘူး။ ဘာဖြစ်လို့လည်ဆိုတော့ ရဟန်းသံဃာတွေကို လောကီအာရုံ ကာမဂုဏ်တွေနေရာမှာ ဘုရားရှင်ကသေချာကိုပညတ်ချက်တွေချထားတာကို တွေ့ရပါတယ်။ မင်္ဂလာဆောင်ဆိုတာမျိုးကလည်း ရဟန်းသံဃာတွေနေတဲ့ ဘုန်းကြီးကျောင်းလိုနေရာမျိုးနဲ့ ဘယ်လိုမှမအပ်စပ်တဲ့ အပြုအမှုတွေလို့ပဲထင်တယ်လေ။(ကျတော့အမြင်ကိုပြောတာပါ) ကျွန်တော်တွေ့ဖူးတာတော့ တစ်ချို့ဘုန်းကြီးကျောင်းတွေမှာဆို မင်္ဂလာဆောင်ပွဲကျင်းပတာ
များ အသံချဲ့စက်ကြီးတွေ ဆူဆူညံညံနဲ့ဖွင့်ပြီးတော့ကို ချိန့်ချိန့်သဲကျင်းပကြတာများ ကြားလို့တောင်မကောင်းအောင်ပါပဲ။ ကျွန်တော်တို့ကသာ ကျွန်တော်တို့ဗဒ္ဓဘာသာအချင်းချင်းမို့ အပြစ်မြင်တဲ့သူသိပ်မရှိတာဗျ။ တခြားဘာသာခြားတွေအမြင်မှာတော့ တော်တော်အရှုပ်ဆိုးအကြည်းတန်တယ်လို့ပဲ
ကျွန်တော်တော့မြင်ပါတယ်ဗျာ။

Attachments:

ဗုဒ္ဓမြတ်စွာ ပွင့်လာမှုကြောင့် ဉာဏ်စက္ခုလည်းရကြသည်၊
ဉာဏ်စက္ခုတွေ သာ၍ လင်းဖို့၊ သန့်ရှင်းတိတ်ဆိတ် ရှိသင့်သည်။
ပွက်လောဆူညံ လူသံပွဲတို့ ကျောင်းဘုရားထဲ လုပ်ကြသည်။
ဗုဒ္ဓအယူ အတွင်းလူဖျက်လို့ ဘာသာပျက်၍ ခက်လိမ့်မည်။ (အရှင်ဇနကာဘိဝံသ) ဆရာတော်ကြီးလိုပါပဲ ကျွန်တော်.သဘောထားကလဲ
ဘုန်းကြီးကျောင်းဆိုတာ သက်ရှိထင်ရှားဘုရားရှင်သီတင်းသုံးနေသကဲ.သို. သဘောထားပါတယ်။ဘုရားဆင်းထုတော်တွေပဲရှိနေတာမဟုတ်ပါဘူး။
တကယ်.ဘုရားရှင်ကဲ.သို.ရိုသေမြတ်နိုးကြရပါမယ်။ဘုရားရှေ.ထားပြီး ဘုရားမကြိုက်တာတွေလုပ်နေရင် ဘုရားလက်ထက်က ဘုရားရှင်
အဂ္ဂသာဝကကြီး ၂ပါးရဲ.တပည်.တွေကို ဘယ်လိုမိန်.ခဲ.ပါသလဲပြန်စဉ်းစားကြည်.ကြပါ။သာသနာနှင်းပါက်သက်လာရင် ဘုရားရှင်မျက်နှာ
ကိုပဲကြည်.ရပါမယ်။ဘယ်သူကဲ.ရဲ. ကဲ.ရဲ. ဘုရားမကဲ.ရဲ.အောင်နေသင်.လှပါတယ်။

ကိုဌေးနိုင်ဆွေးနွေးထားတာအင်မတန်မှသင်တော်ပါပေတယ် ညီလေးမှသိသမျှကိုဝင်ရောက်ဆွေးနွေးပေးတာပါ

ဟုတ်ကဲ့ပါ...အခုလို ပါဝင်ဆွေးနွေးကြတဲ့ ဓမ္မမိတ်ဆွေများကို ကျေးဇူးတင်ပါ၏

မသင်.တော်ပါ။

ဘုန်းကြီးကျောင်း ဓမ္မာရုံတွေ(သို့)သာသနရိပ်သာတွေဟာ ပုထုဇဉ်တွေရဲ့ ယုတ်ညံ့သောအကျင့် ကိုပယ်ခွာပြီးဘုရားရဲ့ အဆုံးအမတိုင်းလိုက်နာဖို့ စတက်လှမ်းနေကြသူတွေရဲ့ ပထမအဆင့် လှေကားထစ် ၊ နားခိုရာနေရာတွေဖြစ်လို့ ပုထုဇဉ်တို့ ရဲ့ အကျင့် (မင်္ဂလာဆောင်)တွေကိုဘုန်းကြီးကျောင်း ဓမ္မာရုံတွေ(သို့)သာသနရိပ်သာတွေမှာ ပြုလုပ်တာဟာ ဘုရားကိုအရွဲ့ တိုက်နေသလိုပါပဲ..သင့် တော်နိုင်ပါ့ မလားခင်ဗျာ..။ကျနော် ဥာဏ်မှီသလောက်စဉ်းစားပြီးဖြေကြည့် တာပါ အကို..။

သာကေတမြို့နယ် မိုးကုတ်ရိပ်သာက ဆရာတော်ဘုရားကြီးကတော့ *ကိလေသာမီးငြှိမ်းတဲ့နေရာကို လာပြီးကိလေသာမီးမွှေးတဲ့အလုပ် လာလုပ်တာတော့ လက်ကိုမခံဘူးလို့* ရိပ်သာဝင်သူများကို ဆုံးမတော်မူပါတယ်။ ဒါကြောင့် ဘုန်းကြီးကျောင်းတို့ သာသနရိပ်သာတို့ဆိုတာ ကိလေသာ အားနည်းအောင် ကျင့်ကြံကျိုးကုတ်အားထုတ်တဲ့နေရာတွေဖြစ်တဲ့အတွက် (မင်္ဂလာဆောင်) အခမ်းအနားကျင်းပတာဟာ ဖြစ်ကို မဖြစ်သင့်ပါဘူးရှင်။

အခုလို ပါဝင်ဆွေးနွေးတာ ကျေးဇူးပါခင်ဗျာ..။

ဟုတ်တယ်

RSS

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

hla moe 24 သည် thein wai's၏ 'သူ့အကြောင်း ကိုယ့်အကြောင်း။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးတင်ပါတယ်"
8 နာရီအကြာ
hla moe 24 သည် thein wai's၏ 'သေခြင်းအကြောင်း ၄ မျိုး။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"အကြိုက်ဆူံးစာအုပ်ပါ"
8 နာရီအကြာ
hla moe 24 သည် thein wai's၏ 'ထိုသူပညာရှိ။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးတင်ပါတယ်"
8 နာရီအကြာ
မြူနှင်းမှုံ သည်thein wai's ၏ 'မိသားစု တစ်စုလုံး ငြိမ်းအေးလိုလျှင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
တနင်္ဂနွေ
zaw moe liked zaw moe's discussion အတက်သိက ဖြေကြားပေးပါဘရား
Aug 10
kyaesinsan သည်thein wai's ၏ 'ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Aug 8
Thet Thet Aung shared their blog post on Facebook
Jul 30
ဖိုးကံထူး သည် A BuddhismworldAdmin's ၏ 'ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ' အဖွဲ့တွင်မှတ်ချက်ရေးခဲ့ပါသည်။
"Naynayအပြစ်​မဖြစ်​နိုင်​ပါဘူး ကျုယ်​ကတကယ်​​မေတ္တ္တ္တာထားနိုင်​ဖို့ပဲရှိတယ်​ယူနိုင်​ပါတယ်​…"
Jul 25
ဖိုးကံထူး joined A BuddhismworldAdmin's group
Thumbnail

ဗုဒ္ဓဘာသာအမေးအဖြေကဏ္ဍ

ဆရာတော်ဆန်နီနေမင်းနှင့်တကွသံဃာတော်များဖြေကြားပေးမည် ဖြစ်ပါသဖြင့် မိမိ…See More
Jul 25
ဖိုးကံထူး liked ဖိုးကံထူး's profile
Jul 25
ဖိုးကံထူး သည်thein wai's ၏ 'တစ်ယောက်တည်းငြိမ်းချမ်းအောင်နေနည်း။(ယောဆရာတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုဟောကြား)' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 25
ဖိုးကံထူး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Jul 24

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...