☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...


ဓမ္မ-မိတ်ဆွေအပေါင်းတို့ ခင်ဗျာ...

ကျနော်တို့တတွေ အခုလို့သာသနာတော် ထွန်းလင်းနေဆဲကာလမှာ လူလာဖြစ်ရတာ(သို့)ဗုဒ္ဓသာသနာတော်နဲ့ လာကြုံတွေ့ရာ၌ မိမိကိုယ်မိမိ သာသနာတော်နဲ့ တွေ့ရကျိုးနပ်တယ်လို့ ခံယူနိုင်အောင် မည်သည့်ကုသိုလ်အလုပ်တွေ ဖြည့်ကျင့်အားထုတ်ဘို့ လိုအပ်သည်ဟု ယူဆထားပါသလဲ.....?

အားလုံးသောမိတ်ဆွေများ... မိမိအမြင်(ခံယူချက်)များကို....ပြောဆိုဆွေးနွေးကြပါနော်.......။ လေးစားစွာဖြင့်....။

ကြည့်နှုန်း= 1116

အထက်ပါအကြောင်းအရာကို boxထဲတွင်အသစ်ဆွေးနွေးရန်

ပြန်လည်ဆွေးနွေးချက်များ....(ရိုင်းစိုင်းသောဆွေးနွေးမှုများကိုသီးခံပေးပါရန်)

မဂ်တရားဆိုသည်မှာ အပြောလွယ်ပြီး ကျင့်နိုင်ခဲသော တရားဖြစ်ပါသည်။ မြန်မာပြည်၌
ဘာသာတရားထွန်းကားပြီး တရားစခန်းများလည်း လွန်စွာပေါများပါသည်။ တရား
အားထုတ်သူများလည်း ပေါပါသည်။ သို့သော် မဂ်ဖိုလ်အကြောင်းပြောသံ မကြားရသည်
မှာ ကျင့်နိုင်ခဲသောကြောင့်ဖြစ်ပါသည်။ ထို့အပြင် မိမိအား တရားပြသပေးသည့် ဆရာ
သည် မဂ်တရားဖိုလ်တရားကို ရပြီးသော ပုဂ္ဂိုလ်ဖြစ်မှသာ လမ်းမှန်ရောက်အောင် ပြသ
ပေးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မဂ်တရားကိုရပြီးသော ဆရာသမားကောင်းကို
ရှာဖွေရန်လိုပါသည်။ မြန်မာပြည်တွင်ရှိပါသည်။ လူပုဂ္ဂိုလ်များတွင်လည်း ရှိပါသည်။
မိမိတရားထူးရကြောင်း မပြော၍သာ ဖြစ်ပါလိမ့်မည်။သို့သော် ထိုပုဂ္ဂိုလ်များနှင့်တရား
ဆွေးနွေးရာတွင် ၄င်းတို့၏ လက်တွေ့ကျင့်စဉ်အပေါ် မိမိတို့၏ ဘာသာရေးဗဟုသုတ
အရ တကယ်တရား ရ/မရ အား ခန့်မှန်းမိနိုင်ပါသည်။ လက်တွေ့ကျင့်စဉ်အပေါ်
ဟောကြားထားသည့် တရားတော်များရှိပါသည်။ ရှာဖွေ၍ မရက နာယူနိုင်အောင်
အကူအညီပေးပါမည်။
မှတ်ချက်။ တရားကိုဗဟုသုတရှိသောသူနှင့် တရားကို ဗဟုသုတမရှိသူတို့ တရား
အားထုတ်ရာတွင် ဗဟုသုတမရှိသူက ပို၍ တရားရလွယ်သည်ဟု
ထင်ပါသည်။ (သဘောမကျပါက တတ်သည့်နားလည်သည့် ဆရာ
သမားများကို မေးမြန်းနိုင်ပါသည်။)

သာသနာတော်ထွန်းလင်းနေဆဲ သာသနာနဲ့ တွေ့ကြုံနေခိုက်မှာ လူဖြစ်ရကျိုးနပ်အောင်ဆိုရင် ညီမအထင်ကတော့ မြတ်စွာဘုရားဟောကြားထားတဲ့
ပဋိစ္စသမုပ္ပါဒ်တရားတော်ကို သေချာနားလည်အောင်သင်ယူ ကျင့်သုံး အားထုတ်သင့်တယ်လို့ထင်ပါတယ်ရှင်။ ပဋိစ္စသမုပ္ပါဒ်နားလည်ထားရင် နေနေရတဲ့အချိန်မှာရောသေချိန်မှာရော အနေတတ် အသေတတ်သွားမယ်လို့ထင်ပါတယ်။
အကြောင်းအကျိုးကိုနားလည်လာတော့ အကောင်းအဆိုးလည်းခွဲခြားနိုင်ပြီး ကိုယ်ကျိုးမဘက်တဲ့ အမှန်ကုသိုလ်တွေလည်း လုပ်တတ်သွားမှာပါ။
ပဋိစ္စသမုပ္ပါဒ်(တနည်း) ဝိပဿနာကုသိုလ်သာလျှင် အကျိုးအကြီးဆုံး အားအထုတ်သင့်ဆုံးပါရှင်။

အတိုဆုံးပြောရရင်ဝိပဿနာတရားအားထုတ်သင့်ပါတယ်။ဝိပဿနာသည်သိသင့်သိထိုက်သည်များကိုအရင်ဆုံးသိအောင်လုပ်ပြီးမှ တရားအားထုတ်သောအလုပ်ကိုနောက်မှလုပ်သင့်ပါတယ်။သို့မှာသာဒိဌိကွာပြီးသားဖြစ်သဖြင့်တရားအားထုတ်ရာမှာလျှင်မြန်စွာဖြင့် တရားထူးရနိုင်ပါတယ်။ကျွန်တော်ဥာဏ်မှီသလောက်နဲ့ဆွေးနွေးချင်တာကတော့ဝိပဿနာတရားအားမထုတ်မီခန္ဓာရဲ့ဖြစ်စဉ်ကို သိအောင်အရင်ကြိုးစားရပါမယ်။သို့မှသာကိုယ်/စိတ်နှစ်ပါးပင်ပန်းမှုအနည်းဆုံးနှင့်လျှင်မြန်စွာတရားထူးရနိုင်ပါမယ်။သာသနာနှစ်ပေါင်း ၂၄၀၀ခန့်ကျန်နေသော်လည်းကျွန်တော်တို့နှင့်ဆိုင်တာမသေခင်အချိန်လေးပါပဲ။ဒီစာလေးရေးပြီးတဲ့အချိန်မှာသာသေရမယ်ဆိုရင် ကျွန်တော့်အတွက်သာသနာမိနစ်ပိုင်းပဲရှိတော့မှာပါ။နောက်ဘ၀ပေါင်းဘယ်လောက်ကိုဖြတ်သန်းပြီးမှသာသနာနဲ့ကြုံရမယ်ဆိုတာ သေချာတဲ့အလုပ်မဟုတ်ပါဘူး။ဒီတော့သာသနာတော်နဲ့ကြုံရကျိုးနပ်အောင်သွား/လာ/နေ/ထိုင်/လုပ်/ကိုင်နေရချိန်တွေမှာ အတတ်နိုင်ဆုံးဝိပဿနာကိုဆင်ခြင်ရှုပွားနေရပါမယ်။

ဟုတ်တယ်။

လပြည့်ကတော့နီးနီးလေးပဲကြည့်မိပါတယ်သိကြားသာသနာတော်မုာတောင်ဒီလောက်သုတော်ကောင်းတွေပေါနေရင်ဘုရားသာသနာမှာဆိုရင်ဘယ်လောက် အေးချမ်းလိုက်မလဲလို့နော်.........

ရှေးကကောင်းခဲ့လို့ ယခုလိုသာသနာနဲ့လာပြီးတွေ့နေချိန်မှာ အကုသိုလ်အလုပ်တွေမှန်သမျှရှောင်ပြီး ကုသိုလ်အလုပ်တွေသာ ပိုပြီးလုပ်သင့်တယ် ဆင်းရဲခြင်းကိုအကြောင်းပြပြီး တခြားပြောင်းတာတော့မဖြစ်သင့်ဘူး လူတစ်ယောက်တန်ဘိုးဆိုတာ ကုသိုလ်,အကုသိုလ်နဲ့သာတန်ဘိုး
ဖြတ်သင့်တယ် ဒါမှလည်းသံသရာတလျှောက်ကောင်းမှာမို့ပါ .....

သာသနာနဲ့တွေ့တယ်ဆိုတာကို ရှင်းပြပါမယ်.. သာသနာနဲ့တွေ့ခြင်း သုံးမျိုးရှိပါတယ်။ ရဟန်းသာမဏေများဖူးတွေ့ရခြင်းတစ်ပါး၊ ဘုရားကျောင်းကန်စေတီပုထိုးများဖူးတွေ့ရခြင်းတစ်ပါး၊ မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထားခြင်းတစ်ပါးရယ်လို့ သုံးပါးပေါ့၊ ဒီသုံးမျိုးမှာ ဘယ်ဟာကသာသနာနဲ့တွေ့တာအစစ်အမှန်လဲ ဘယ်အရာကိုတွေ့မှ သာသနာနဲ့တွေ့ရကျိုးနပ်တာလဲ မေးစရာရှိလာပြန်တယ်။ ရှင်းပြပါ့မယ်။ နံပါတ်တစ် ရဟန်းသာမဏေတွေဆိုတာ သာသနာ့ဝန်ထမ်းတွေပါ သူတို့ကိုဖူးတွေ့ရတာ သည် သာသနာနဲ့တွေ့တာမဟုတ် သာသနာ့ဝန်ထမ်းများနှင့်တွေ့ခြင်းသာ၊ နံပါတ်နှစ် ဘုရားကျောင်းကန်စေတီပုထိုးတွေဟာ သာသနာ့ပစ္စည်းတွေပါ ဒါတွေကိုတွေ့တာလဲ သာသနာနဲ့တွေ့တယ်လို့ပြောလို့မရပါဘူး သာသနာ့ပစ္စည်းများနဲ့တွေ့ခြင်းသာ ဖြစ်ပါတယ်။ နံပါတ်သုံး မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထားခြင်း သုံးမျိုးကို မိမိကိုယ်တိုင်လိုက်နာပြုကျင့်နေမှသာ နေ့စဉ်သာသနာနဲ့တွေ့တာ အစစ်အမှန်ပါ။ ဘုရားရှင်အလိုတော်ကျ သာသနာနဲ့တွေ့ခြင်း အစစ်အမှန်ပဲဖြစ်ပါတယ်။ နံပါတ်သုံးသာသနာနဲ့တွေ့မှ အပါယ်တံခါးပိတ်ပြီး သံသရာဝဲသြဃမှလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ မိမိကိုယ်တိုင် မကောင်းမှုမပြု၊ကောင်းမှုကြိုးစားပြု၊စိတ်ကောင်းထားမယ်ဆိုရင် သာသနာနဲ့တွေ့တဲ့သူဖြစ်ပြီး သာသနာနဲ့တွေ့ကျိုးနပ်တဲ့သူဟူ၍ တင်ပြအပ်ပါသည်။ အရှင်ကုသလ (ဇလွန်) သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တပရိယောဒပနံ ဧတံ ဗုဒ္ဓါန သာသနံ။

နံပါတ်သုံး မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထားခြင်း သုံးမျိုးကို မိမိကိုယ်တိုင်လိုက်နာပြုကျင့်နေမှသာ နေ့စဉ်သာသနာနဲ့တွေ့တာ အစစ်အမှန်ပါဆိုပြီး ဦးဇင်း ရဲ့ဆွေးနွေးချက်အပေါ် ပြန်လည်ဆွေးနွေးလိုပါတယ်။ မကောင်းမှုစိတ် ကောင်းမှုစိတ်နဲ့ ဖြူစင်တဲ့စိတ်တို့ဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ ကိလေသာကုန်ခြင်းကို ဖြစ်မလာစေပါဘူး။ အဲဒီအသိဥာဏ်ရှင်သည် ကံမသက္ကတဥာဏ် (ကံ အပေါ် ယုံကြည်မှုရှိသည့် ဥာဏ်ရှိသော ဗုဒ္ဓဘာသာတစ်ဦး၏ဥာဏ်)ဘဲဖြစ်တယ်။ ဘုရားရှင်အလိုတော်ကျ သာသနာနဲ့တွေ့ခြင်း အစစ်အမှန်ဟာ အတ္တအ၀ိဇ္ဇာကိုပယ်ပြီး အနတ္တဖြစ်တယ်ဆိုတာကို ရှင်းလင်းစွာမြင်မှသာ ဗုဒ္ဓသာသနာနဲ့ တွေ့ခြင်းဖြစ်ပါတယ်၊ မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထားခြင်းသည် အပါယ်တံခါးပိတ်သော်လည်း သံသရာဝဲသြဃမှမလွတ်မြောက်နိုင်ပါ လူနတ်ဗြဟ္မာဆိုတဲ့ အထက်ဘုံမှာဖြစ်နိုင်ပြီး အို နာ သေ ဆိုတဲ့ ဗုဒ္ဓဘုရားရှင်မလိုလားတဲ့ သံသရာမှာ ဆက်လက်မျောပါနေဦးမှာ ဖြစ်ပါတယ်။

သာသနာနဲ့တွေ့ရတာ နည်းတဲ့ ကုသိုလ်မဟုတ်ပါ ။ သာသနာပ ကာလတွေမှာလဲ ဒါနဆိုတာပြုလုပ်နိုင်သည် ပြုလဲပြုကြပါသည် ။ သီလလဲဆောက်တည်နိုင်သည် ဆောက်လဲဆောက်တည်ကြပါသည်။ သမထလဲပွားနိုင်သည် ပွားလဲပွားကြပါသည် ဇာတ် သာဓကတွေ များစွာရှိပါသည် ။ ဝိပဿနာ တရားကတော့ ဘုရားရှင်သာသနာတွင်းမှာသာ ကျင့်ကြံနိုင်ပါသည် ။ ဒါတောင်မှ နည်းလမ်းမှန်ကန်ဖို့ အရမ်းခက်ခဲပါသည်... ။
ဘာပဲဖြစ်ဖြစ် }}}
သာသနာတွင်းမှာပြုလုပ်ရတဲ့ ဒါန သီလ ဘာဝနာ တရားမှန်သမျှအကျိုးပေး အားကောင်းသည့် အတွက်ကြောင့် သံသရာ ခရီးသွားဖြစ်ကြကုန်သော ကျွန်ုပ်တို့တတွေသည် ဒါနကိုလဲပြုလုပ်သင့်သည် ။ ဒါမှ သံသရာ မှာ မဆင်းရဲမည် ။ သီလကိုလဲဆောက်တည်ရမည် ဒါမှ သံသရာ မှာ ရောဂါကင်းပြီး အသက်ရှည်မည် ။ ဘာဝနာကိုလဲပွားရမည် ဒါမှ သံသရာ မှာ ပညာဉာဏ်ကြီးပြီး အေးချမ်းမည် ။ ကျွန်ုပ်တော့ဒီလိုပဲမြင်သည် ။။။
ကျွန်တော်ကတော့လေ ပထမဆုံးဆန္ဒက အပါယ်လေးပါး ပြန်မရောက်ချင်ဘူး............အဲ့ဒါကြောင့် ကုသိုလ်တွေကို ဘာကုသိုလ်ဖြစ်ဖြစ်လုပ်မယ် ကုသိုလ်ဆိုတာတဲ့ မိုးရေခံသလိုပဲတဲ့ တဖြည်းဖြည်းချင်းစုဆောင်းရင်းနဲ့ ပြည့်လာလိမ့်မယ်တဲ့...........ဆရာတော်ဟောတာလေ......မြန်မြန်ပြည့်ချင်ရင် များများစုမှာပေါ့ဗျာ :)

ကိလေသာလောင်စာကုန်အောင်လုပ်နည်းကို ဟောကြားထားတဲ့ တရားတော်ကို သိရှိနားလည်သူသာ သာသနာတော် ရဲ့ထွန်းလင်းတဲ့အလင်းရောင်ရသူလို့ပြောလို့ရပါတယ်။ ဒီလို ဗုဒ္ဓသာသနာတော်နဲ့ လာကြုံတွေ့ရာ၌ မိမိကိုယ်မိမိ သာသနာတော်နဲ့ တွေ့ရကျိုးနပ်တယ်လို့ ခံယူနိုင်အောင် အဲဒီသာသနာအလင်းရောင်ကို အမှီပြုပြီး လောင်စာအားလုံးသိမ်းအောင် လုပ်လိုက်နိုင်ခြင်းဘဲဖြစ်တယ်။

RSS

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

thein wai သည် ဘလော့တင်သွားပါသည်။
Jun 2
ညီထွေး သည်အရှင်ဝိမလဝံသ's ၏ '“သတိထားဆင်ခြင်ဖွယ် မပေးလှူကောင်းသော အလှူ(၁၀)မျိုး”' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
ညီထွေး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
နှင်းဖြူ သည်ဦးထွန်းလင်းဦး's ၏ 'ဝိပဿနာဖြင့်​ မရဏလမ်းကို ​ကျော်​ဖြတ်​ခြင်း' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
OHNMAR သည် Thein Naing Ohn's၏ '၀ိဝေကသုံးပါး နှင့် ပပဉ္စတရား'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးပါနော်"
မေ 22
အရှင်ပညာသိရီ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်profileကိုပြုပြင်သွားသည်။
မေ 4
Profile Iconkyaw wunna tun and Daw Yee Yee Swe joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
Apr 29

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...