☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...


ဓမ္မ-မိတ်ဆွေအပေါင်းတို့ ခင်ဗျာ...

ကျနော်တို့တတွေ အခုလို့သာသနာတော် ထွန်းလင်းနေဆဲကာလမှာ လူလာဖြစ်ရတာ(သို့)ဗုဒ္ဓသာသနာတော်နဲ့ လာကြုံတွေ့ရာ၌ မိမိကိုယ်မိမိ သာသနာတော်နဲ့ တွေ့ရကျိုးနပ်တယ်လို့ ခံယူနိုင်အောင် မည်သည့်ကုသိုလ်အလုပ်တွေ ဖြည့်ကျင့်အားထုတ်ဘို့ လိုအပ်သည်ဟု ယူဆထားပါသလဲ.....?

အားလုံးသောမိတ်ဆွေများ... မိမိအမြင်(ခံယူချက်)များကို....ပြောဆိုဆွေးနွေးကြပါနော်.......။ လေးစားစွာဖြင့်....။

ကြည့်နှုန်း= 1116

အထက်ပါအကြောင်းအရာကို boxထဲတွင်အသစ်ဆွေးနွေးရန်

ပြန်လည်ဆွေးနွေးချက်များ....(ရိုင်းစိုင်းသောဆွေးနွေးမှုများကိုသီးခံပေးပါရန်)

ကျွန်တော်အမြင်အရတော. သာသနာနဲ.တွေ.တုံး စာတွေ.ကောလက်တွေ.ပါ ရနိုင်သလောက်လေ့လာသင်ယူ၊လိုက်နာကျင်.သုံးသင်.တယ်။သိရုံနဲ. ရပ်မနေသင်.ဘူး၊လက်တွေ.
ပွားများအားထုတ်သင်.တယ်။အနည်းဆုံးလက်ရှိအနေအထားထက်တစ်ဆင်.မြင်.အောင်တက်လှမ်း
နိုင်ရမယ်။ဒဒီဘ၀မှစပြီး နိဗ္ဗာန် ကို တစ်နေ.တစ်လံ ပုဂံ ဘယ်ရွေ.ဆိုသလို နောက်မဆုတ်တမ်း..။
ဟုတ်ကဲ့ပါ..ကိုညီညီနိုင်
ကျတော်တို့တတွေ သာသနာတော်နဲ့ကြုံတွေ့တုံး အနည်းဆုံးလက်ရှိအနေအထားထက် တစ်ဆင့်မြင်အောင် တက်လှမ်းနိုင်ရပါမယ်..။

သာသနာတော်နဲ့မကြုံတဲ့အခါမှာလှူတာတန်းတာက အစမတူတော့ဘူးလေ။ အဲဒါကြောင့်သာသနာပမှာလှူရင် ဘယ်လောက်ပဲထမင်းရည်ချောင်းစီးလှူတာတောင် ကုသိုလ်ရပုံချင်းကွာတယ်လို့ ဆရာတော်တစ်ပါးဟောပြောဘူးတာနားကြားရဘူးပါတယ်။
ဒါကြောင့်သာသနာနဲ့ကြုံကြိုက်တုန်းမှာလှူတာတန်းတာ ဒါနပြုတာတွေလုပ်တဲ့အပြင် ၀ိပဿနာပါ တွဲပြီးလုပ်ရင်ပိုကောင်းမယ်လို့ထင်မိပါတယ်။သာသနာပမှာဆိုရင် ကိုယ့်ကိုသိမြင်အောင်ဟောပြောညွှန်ပြပေးမယ့်ဆရာတော်သံဃာတော်တွေမရှိတဲ့အခါမှာ ဒီအလုပ်တွေကိုသိမြင်မယ်လို့ယုံကြည်လို့မရပါဘူး၊ ဒါကြောင့် ဒါနလုပ်ဖို့၊ သီလဆောက်တည်ဖို့အကြောင်းအရာတွေ ဖြစ်မလာနိုင်ဘူးလို့ထင်မြင်မိပါတယ်။

မည်သည့်ကုသိုလ်ဆိုပြီး ခွဲခြားနေဘို့လိုမယ်လို့ မထင်ပါဘူး။ ကုသိုလ်မှန်ရင် လုပ်သင့်တာချည်းပါပဲ။ ဒါပေမယ့် သာသနာနဲ့တွေ့ရကျိုးနပ်ချင်တယ်ဆိုရင်တော့ ၀ိပဿနာကုသိုလ်ကို အားထုတ်သင့်တယ်လိုယူဆပါတယ်။ အဲဒီအတိုင်းလည်းခံယူထားပါတယ်။ ကျန်တဲ့ပေးကမ်းတာတွေ စောင့်ထိန်းတာတွေက သာသနာမရှိလည်းလုပ်လို့ရနိုင်ပါတယ်။ သမထလို့ခေါ်တဲ့ သမာဓိထူထောင်တဲ့ လုပ်ငန်းစဉ်တောင် သာသနာ မရှိလည်း ရနိုင်တယ်လို့ပြောတာကြားဖူးပါတယ်ပါတယ်။
ဟုတ်ကဲ့...သာဓု-သာဓု-သာဓု ပါဗျာ။ ကျေးဇူးတင်ပါ၏။

ဝိပသနာ နှင့်နေနိုင်လျှင် အကောင်းဆုံးပါ....အရာတခုကို ပုံမှန်လုပ်နေပါက ကြာလာလျှင် ညောင်းလာတတ်ပါတယ်...

အဲ့ဒီအခါမှာ မေတ္တာနဲ့ တလှည့်..ဂုဏ်တော်ဖြင့်တလှည့် ..နေရင်တော့ ပိုကောင်းပေါ့..မေတ္တာဆိုရာဝယ် အရမ်းဘဲးနက်

ရှိုင်းပါတယ် ကိုယ်ကကောင်းအောင် ဘယ်လောက်ပဲး လုပ်ပေး လုပ်ပေး ဘယ်လိုမှအကောင်း မမြင်တဲ့သူကို ကြုံဘူးကြ

မှာပါ အဲ့ဒီအခါမှာ ဝဠ်ကြွေးပေးဆပ်တယ် ဆိုပြီးဖြေနိုင်မယ်ဆို ကောင်းပါပြီ.....ဘုံကံ ကြီးမားကြလို့  ဗုဒ္ဓဘာသာနှင့်ကြုံ

တုန်းမှာ ဘုရားစကားနားထောင် နိုင်ကြပါစေ....

ဝိပဿနာတရား မှ တပါး အခြားမရှိပါ အကို...

မှန်လိုက်တဲ့ စကား ဟူတ်ပါပေ့

ကျွန်တော.အမြင်ပြောရရင်သာသနာတော်အတွင်းလူဖြစ်ရတာအလွန်မြတ်ပါတယ်။ဒီလိုအချိန်မှာဝိပသနာတရားအားထုတ်ရင်း
ဘ၀သံသရာပြတ်အောင်
လုပ်သင်.ပါတယ်။ဘ၀သံသရာကအလွန်ရှည်လျှားလှပါတယ်။

အခုလို့သာသနာတော် ထွန်းလင်းနေဆဲကာလမှာ လူလာဖြစ်ရတာ(သို့)ဗုဒ္ဓသာသနာတော်နဲ့ လာကြုံတွေ့ရာ၌ မိမိကိုယ်မိမိ သာသနာတော်နဲ့ တွေ့ရကျိုးနပ်တယ်လို့ ခံယူနိုင်အောင် ခန္ဓာငါးပါး၏ အဖြစ်အပျက်ကိုမမြင်ဘဲ အနှစ်တစ်ရာ အသက်ရှင်နေရခြင်းထက်၊ ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို ၀ိပဿနာဉာဏ်ဖြင့် ရူမြင်သောသူ၏ တစ်ရက်မျှ အသက်ရှင်ခြင်းက ပို၍ မြတ်သလို ဘုရားသာသနာနှင့် ကြုံရခိုက်၊ လူ့ဘ၀ရခိုက်၊ လူသားအားလုံး ဘုရားတရားတော်နဲ့အညီ ကျင့်ကြံနေထိုင်ခြင်း၊ အခြားသောသူများအား  မိမိကဲ့သို့ တရားအားထုတ်ဖို့ ပြောဆို လမ်းပြ တိုက်တွန်းခြင်းဖြင့် အခွင့်သာခိုက် အမြတ်ဆုံး အသက်ရှည်နည်းကို မိမိသိရှိသလောက် တစ်ပါးသူများအားလည်း ပြန်လည်ပြောဆို မျှဝေ လမ်းပြပေး၍ အများအကျိုး သာသနာအကျိုး သယ်ပိုးခြင်းဖြင့် သာသနာတော်နှင့်တွေ့ရကျိုးနပ်စေမယ်လို့ ခံယူမိပါတယ်ရှင်။

ဒီစာလေးကို ကျွန်တော် တော်တော်ကြိုက်သွားပြီဗျာ။
သီလမြဲ ၀ိပသနာစွဲ သံသရာမှ လွတ်စမြဲ ကောင်းလိုက်တာဗျာ။

ကျနော်တို့တတွေ အခုလို့သာသနာတော် ထွန်းလင်းနေဆဲကာလမှာ လူလာဖြစ်ရတာ(သို့)ဗုဒ္ဓသာသနာတော်နဲ့ လာကြုံတွေ့ရာ၌ မိမိကိုယ် မိမိ သာသနာတော်နဲ့ တွေ့ရကျိုးနပ်တယ်လို့ ခံယူနိုင်အောင် ကျင့်ကြံမှုဖြစ်တဲ့ ဝိပဿနာ အကျင့်မြတ်ကို ကျင့်ဖို့အဓိကကျပါတယ်။ အကျင့်မှန်မှ အ သိမှန်မယ် အသိမှန်မှ ကုသိုလ်အကုသိုလ် နားလည်မယ် နောက်လေးနက်တဲ့အလုပ်တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

RSS

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

thein wai သည် ဘလော့တင်သွားပါသည်။
Jun 2
ညီထွေး သည်အရှင်ဝိမလဝံသ's ၏ '“သတိထားဆင်ခြင်ဖွယ် မပေးလှူကောင်းသော အလှူ(၁၀)မျိုး”' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
ညီထွေး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
နှင်းဖြူ သည်ဦးထွန်းလင်းဦး's ၏ 'ဝိပဿနာဖြင့်​ မရဏလမ်းကို ​ကျော်​ဖြတ်​ခြင်း' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
OHNMAR သည် Thein Naing Ohn's၏ '၀ိဝေကသုံးပါး နှင့် ပပဉ္စတရား'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးပါနော်"
မေ 22
အရှင်ပညာသိရီ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်profileကိုပြုပြင်သွားသည်။
မေ 4
Profile Iconkyaw wunna tun and Daw Yee Yee Swe joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
Apr 29

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...