ဗုဒ္ဓပိဋကတ်လာ မှတ်တမ်းများအရ အောက်ပါ ပုဂ္ဂိုလ်လေးမျိုးဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတဲ့အကြောင်း သက်သေသာဓကဇာတ်လမ်းများဖြင့် (ဇာတ်လမ်းအကျဉ်းဆို လုံလောက်ပါသည်)ဖေါ်ပြပေးပါရန် ဆရာတော်များနှင့်တကွ
ပညာရှင် အားလုံးကို မေတ္တာရပ်ခံ တောင်းပန်ပါသည်။
၁) ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ် = မြတ်စွာဘုရားအားထူးတွေ့ရပြီး တရားအကျဉ်းမျှ ကြားနာရရုံဖြင့် တရားထူးရသူ။
၂) ၀ိပဉ္စိတညူ ပုဂ္ဂိုလ် = တရားအကျဉ်းဟောရုံဖြင့် နားမလည်၊ အကျယ်ဟောပြမှ တရားထူုးရသောသူ။
၃) နေယျပုဂ္ဂိုလ် = အကျဉ်းအကျယ်ဟောရုံဖြင့် သဘောမပေါက် အကြိမ်ကြိမ် အထပ်ထပ် ဆွေးနွေးမေးမြန်းပြီး
ဘာဝနာပွါးမှ တရားထူးရသူ။
၎) ပဒပရမ ပုဂ္ဂိုလ် = တရားနာခြင်း ဆွေးနွေးမေးမြန်းခြင်း ဘာဝနာပွါးများခြင်းများ ပြုလုပ်သော်လည်း
ဤဘ၀၌ တရားထူးမရနိုင်။နောက်နောင်ဘ၀များတွင် တရားထူးရရန် အထုံဗီဇအဖြစ်သာ ရရှိသူ။
ဘလော့အမျိုးအစား(ဘာသာရေး)
Permalink htin lin thar သည် May 7, 2012 8:35pmအချိန်တွင်ဆွေးနွေးချက်ကိုပြုလုပ်သွားပါသည်။ thanks
(၁) ပဉ္စဝင်္ဂီငါးပါးထဲက ပထမဦးဆုံးဓမမစင်္ကြာတရားကိုနားကြားပြီး တရားထူးရသူ
(၂) ပဉ္စဝင်္ဂီထဲမှာကျန်၎ဦးတို့သည် ဓမ္မစင်္ကြာအကျယ်ကိုဆက်ဟောပြီး ကျင့်မှတရားရသူ
(၃) ယခုခေတ် တရားကျင့်သူများ (ဥပမာ မဟာစည်ဆရာတော်ဘုရားကြီးကဲ့သို့ ရက်ပေါင်း၄၅ ရက်ကျင့်ကြံပြီးမှတရားထူးရသူ
(၄) ယခုခေတ် တရားလိုက်စားသော်လည်း တရားထူးမတွေ့ပါပဲ ကျင့်ကြံမှုအကျိုးရခဲ့ပြီး အနာဂါတ်ဘဝအတွက် အထောက်အပံ့ ဖြစ်စေသူများ
အထက်ပါလေးမျိုးသာဖြစ်သည်ဟု နားလည်ရပေသည်။
Permalink ogyi s@m သည် May 8, 2012 1:19amအချိန်တွင်ဆွေးနွေးချက်ကိုပြုလုပ်သွားပါသည်။ အခုလို စိတ်ရှည်လက်ရှည် စဉ်းစားကြံဆပြီး ဖြေကြားပေးတဲ့ ဦးခင်... ရေ ကျေးဇူး အထူးတင်ရှိပါတယ်။
တခြားသူတွေ ဖြေကြားမယ့် အဖြေကိုလည်း စောင့်မျှော်နေပါတယ်။
ဝိုင်းဝန်းဖြေလိုက်ရင် ပုဂ္ဂိုလ် တော်တော်များ ရလာမယ်လို့ ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက် မတူတဲ့အတွက်
ပေးလာမယ့် အဖြေကလည်း (ပုဂ္ဂိုလ်တွေကလည်း) မတူလောက်ပါဘူး။
Permalink U Hla Soe သည် May 9, 2012 12:00pmအချိန်တွင်ဆွေးနွေးချက်ကိုပြုလုပ်သွားပါသည်။ အလွန်ကောင်းပါသည်၊ ဆရာဦးခင် ဆွေးနွေးချက် မှတ်သားအပ်ပါသည်။ မိုးကုတ်ဆရာတော် ဘုရားကြီးဟောကြားချက်များ အရဆိုသော် ပါရမီအရာသည် ခုခေတ်လူများ အလုပ်မဟုတ်တော့၊ ဖြစ်ပျက်သာရှု. ဝေဒနာ နဲ့ တဏှာကြား ဘုရားဖြစ်ပါသည် ဆိုပါသဖြင်. တဏှာမလိုက် အောင် အဖြစ် နဲ့ အပျက်သာရအောင် ရှု. တရားထူးရနိင်ပါသေးတယ် ဆိုတာကို အားထားရကြောင်း ဆွေးနွေးရရှိ ပါရစေ။
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ မှ(ကြိုဆိုပါတယ်)
( မှတ်ပုံတင်ရန်နေရာ)
(မှတ်ပုံတင်ပြီးသားသူများ)၀င်ရန်
အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး
နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)
Name of Account. U HLAING KYAW HTWE
NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ
ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့
လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

nweyee ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

ကိုမင်းနိုင် ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။

dimplemit ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။



ကောင်းမြတ်မင်း ယခု “ ဗုဒ္ဓ ကမ္ဘာ ”ဆိုဒ်ထဲတွင်ရှိနေပါသည်။
dimplemit left a comment for youth youth
dimplemit left a comment for yarmoe
dimplemit left a comment for kyiwinmon
မြူနှင်းမှုံ left a comment for ကောင်းမြတ်မင်း
nweyee commented on မူကြိုဆရာ's blog post 'အနာထပိဏ် နဲ့ ၀ိသာခါ…'
© 2013 Created by ကောင်းမြတ်မင်း.
Powered by
© Copyright Ning Network Name Goes Here.