ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။(ကောင်းမြတ်မင်း)

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်ကောင်းမြတ်မင်းမှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

လောကမှာ ကိုးကွယ်စရာ ဘာသာတွေများစွာရှိပါတယ်။
ကိုယ်သန်ရာသန်ရာကို ကိုးကွယ်ကြလာတာ လူတိုင်းလူတိုင်း(အားလုံးကိုမဆိုလို)
ကိုယ့်ဘာသာကိုပဲမှန်တယ်၊ တခြားကိုးကွယ်သူတွေက မိစ္ဆာဒိတ္ထိလို့(အယူလွဲမှားသူလို့)
ဆိုကြတယ်။
ကိုယ့်ကိုယ်ကို မှန်တယ်လို့ဆိုကြတဲ့အထဲမှာ ဘယ်ဟာက မှန်သလဲဆိုတာကို ဖြေပေးကြပါခင်ဗျ။

လေးစားစွာဖြင့်.....

Views: 454

အထက်ပါအကြောင်းအရာကို boxထဲတွင်အသစ်ဆွေးနွေးရန်

ပြန်လည်ဆွေးနွေးချက်များ....(ရိုင်းစိုင်းသောဆွေးနွေးမှုများကိုသီးခံပေးပါရန်)

ကိုယ့်ကိုယ်ကို မှန်တယ်လို့ဆိုကြတဲ့အထဲမှာ ဘယ်ဟာက မှန်သလဲဆိုတာကို ဖြေပေးကြပါခင်ဗျ မောင်လေးေ၇ ဒီစာကြောင်းရဲ့ ရှေ့မှာစာတခုခုရှိသေးလား...ဆိုလိုရင်းကို သဘောမပေါက်ဘူး ဖြစ်နေတယ်။
မေးတာကို နားမလည်ဘူး
ဖြစ်နေလို့ပါ။

လူဆိုတာ အတ္တအများဆုံး ပါ ဒါ့ကြောင့် များသောအားဖြင့် ကိုယ်လုပ်တာမှန်တယ်
ငါ့ဘာသာ ငါ့အယူဝါဒ ငါ့ဥစ္စာ ....ဒါကြောင့် ငါသေမှအေးမယ်

ကိုကြီး ကိုလှမိုးပြောတဲ့စကား အဓိပ္ပါယ် အရမ်းကောင်းပါတယ်။ ဟုတ်ပါတယ် "ငါ" သေမှအေးပါမယ်။ ငါ ဆိုတဲ့ ဒိဌိ မသေမချင်း (မပြုတ်မချင်းကတော့) မအေးသေးပါဘူး။ ပူလောင်နေတုန်းပါပဲ။ ကိလေသာမီးတွေပူလောင်နေတာပေါ့။ ကိလေသာမီးတွေရဲ့ လောင်စာဟာ "ငါ" ဖြစ်နေတာကြောင့် ပါပဲ ။ အဲတော့ တခု သိထားမှတ်ထားရမှာက "ငါ" ဆိုတဲ့ ဒိဌိ သေစေတဲ့ ပြုတ်စေတဲ့ တရားက ဘာတရားလဲ ???? ဘယ်သာသနာတော်မှာရှိတာလဲဆိုတာ သေချာ သိပြီးဆိုရင်တော့ အဲဒီ "ငါ" ဆိုတဲ့ ဒိဌိ သေစေတဲ့ ပြုတ်စေတဲ့ တရားရှိတဲ့ သာသနာတော်သည်သာ အမှန်ဆုံးနဲ့ အကောင်းဆုံးပါပဲ။ ကျေးဇူးတင်ပါတယ်။

အတွေး၊ အခေါ်တွေ ကောင်းတိုင်းလဲ အဲဒါအမှန်တရား မဟုတ်သေးပါဘူး။
သုတမယ၊ စိန္တာမယ မဟုတ်ပဲ ကိုယ်တိုင်အားထုတ်ကြည့်လို့ ကိုယ်တိုင်တွေ့ရတဲ့တရားက အမှန်ဆုံးပါပဲ။

ညီလေး စိုင်း ကောင်းလိုက်တာကွာ ရွေချထားရမယ်

ဖြေရမှာတော.မခက်ပါဘူး
ကိုယ်ကိုတိုင် ကျင်.ကြံအားထုပ်ကြည်.ပါ
ရိုးရိုးလေးပဲထွက်လာပါလိမ်.မယ်
ဘယ်သူ.ကိုမှမေးစရာမလိုပဲကိုလိုချင်တဲ.မေးခွန်းတွေပေါ.
ဆရာလုပ်တယ်လို.မထင်စေချင်ပါဘူး အကြံပေးတာပါ
အကောင်းဆုံးအကြံ။။။။

ဘာသာတရားကို ဆိုလိုတာပါခင်ဗျ

ခန္ဓာက ပြတဲ့ တရားဟာ အမှန်ဆုံးပါပဲ ညီလေး ဇော်ထက်ရေ.....။

ဘာမေးချင်တာလဲ သိပ်တော့မရှင်းပါဘူး ဒါပေမယ့် ၀င်ဆွေးနွေးအုံးမယ်

လူတိုင်းလူတိုင်းကိုယ်သန်ရာသန်ရာကို ကိုးကွယ်လာတာကိုယ့်ဘာသာကိုပဲမှန်တယ်၊ တခြားကိုးကွယ်သူတွေက မိစ္ဆာဒိဠိ လို့ မဆိုလိုပါ။
ဘာလို့လဲ ဆိုရင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ဟိန္ဒူလူမျိုးကို ဥပမာပြရရင် ဟိန္ဒူလူမျိုးက ကမ္နသကတာဥာဏ် ကံသာလျှင်
ကိုယ်ပိုင်ဥစ္စာ ကံ ကံ၏ အကျိုးကို ယုံတယ်
ဒါပမယ့် ဗုဒ္ဓဘာသာဝင်မဟုတ်ကြဘူး။ ဗုဒ္ဓဘာသာဝင်များကတော့ ကမ္မသကတာဥာဏ်အခြေခံ ရှိပြီးသားမို့ အထူးပြောစရာမလိုဘူးပေါ့

ကမ္မသကတာဥာဏ် မရှိတဲ့ ဘာသာခြား ပေမယ့် အလုပ်မမှား အမြင်မမှားပဲ အေးချမ်းပြီး အရမ်းကို ပြည့်ဝတဲ့လူမျိုး ရှိပါတယ်။ ဥပမာပြရရင်
ဗုဒ္ဓဘာသာ တို့ရဲ့ သောတာပန်မျိုးပါ ဥပမာပြတာနော်။ အဲလိုလူတွေက သူတို့ရဲ့ ဘာသာတရားကို နက်နက်ရှိုင်းရှိုင်းနဲ့ သိပြီး ကျင့်ကြံနေသူတွေ
ဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ဒါကြောင့် သူတို့တွေကို မှားနေတယ်လို့ မပြောချင်ပါ။

တခုတော့ ရှိတာပေါ့ ဘယ်သူမဆို ကိုယ်က ကောင်းတာတွေ့ရ ခံစားရတော့ ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေကိုလဲ ခံစားစေချင်တယ်။
ဒါကြောင့်လဲ အချို့ ဘာသာဝင်တွေက နီးစပ်သူတွေကို ဘာသာရေးအဆွယ်တရားပြောပါတယ် သူတို့ကလဲ သူတို့က မှန်တယ် ကျမတို့က မှား
နေတယ်လို့ မြင်တာပေါ့။
ကျမ ခု ရောက်နေတဲ့ အာရတ်နိုင်ငံမှာ ရောက်စတုန်းက အဲလိုပဲ ဆွယ်ကြပါတယ်

ကျမတို့ ဘုရားက သက်တော် ထင်ရှားမရှိတဲ့အတွက် ကျမတို့ ရဲ့ ဆုတောင်းတွေကို ဘယ်လိုမှ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး လို့ပြောပါတယ်
သူ့ကိုကြည့်ပါ သူ တစ်နေ့ကို ဘုရားငါးခါ ရှစ်ခိုးပြီး ဆုတောင်းတယ် သူလိုအပ်တာ ရပါတယ် တဲ့ သူ့ရဲ့ ပျော်ရွှင်စ၇ာ မိသားစုကို ဥပမာပြပါတယ်
သူကိုးကွယ်ယုံကြည်ရှစ်ခိုး လို့ ဘုရားက ပေးတာပါ သူ့ဘာသာကို ၀င်ပါ လိုအပ်တာတွေ ဆုတောင်း၇နိုင်ပါတယ် လို့ပြောတယ်
သူတို့ လဲ သူတို့ မှန်တယ်လို့ ထင်ပုံကိုပြောပြတာပါ။

သူတို့ကို မှားနေတယ်လို့ မပြောလိုပါ။

ပုံပြင်လေးအတိုင်းပေါ့...သူငယ်ချင်းနှစ်ယောက် တောင်ပေါ်မှာ တစ်ယောက် တောင်အောက်မှာတစ်ယောက် ...တောင်ပေါ်က သူငယ်ချင်းက
..ရူခင်းလေးကြည့်ပြီး....တောင်အောက်က သူငယ်ချင်းကို လှမ်းပြောပါတယ်...ဟာ ..သူငယ်ချင်း ငါတို့ရွာ၇ဲ့ ရူခင်း အရမ်းလှတယ်
ဒါကို တောင်အောက်က သူငယ်ချင်းက လက်မခံပါ..မဖြစ်နိုင်တာကွာ ..တသက်လုံးနေလာတဲ့ ရွာ မသိတာကျလို့...။ အဲဒီတော့ တောင်ပေါ်က
တစ်ယောက်က တောင်အောက်ကလူကို တောင်ပေါ်တတ်လာစေပြီး ကြည့်ခိုင်းတော့မှ...ဟာ..အေးဟ ..ဟုတ်သားပဲ..လို့ဆိုတယ်။

အဲဒီလိုပါပဲ...ဘာသာမတူသူတွေအချင်းချင်းအတွက် တောင်ပေါ် နဲ့ တောင်အောက် ကွာပါတယ်။

ကိုယ်သန်ရာ သန်၇ာကို ကိုးကွယ်ပါ ကိုယ်မှန်တာကို ကိုယ်သာသိပါမယ်။

ညီမလေး တော်တယ်

ထူးပြောသလိုပဲဖြေရမယ်ထင်တယ်နော်
အမှန်တရားတစ်ခုကဘယ်ဘက်ကကြည့်ကြည့်မှန်နေမယ်ဆိုရင်အဲဒါသေချာသောအမှန်တရားလို့ထင်မိတာပါပဲ
သူ့ဘက်ကလဲကြည့်ကိုယ့်ဘက်ကလဲကြည့် မှတ်ကျောက်အတင်ခံရဲတဲ့ဘာသာတရားဟာအမှန်ပဲပေါ့ဗျာနော်

ကေလာမသုတ်က ပြောပြီးသားဘဲ။ ဘယ်သူပြောတာမှ မယုံနဲ့လို့။ ကိုယ်ကိုယ်တိုင်ကျင့်ကြံပြီး ဟုတ်မှ မှန်မှ သဘောကျမှ ယုံပါတဲ့။
ဘယ်ဘာသာမှန်တယ်ဆိုတာ သဘောတရားရေးရာပိုင်းရော အကျင့်ပိုင်းပါ ပြည့်စုံမှန်ကန်ဖို့ လိုပါတယ်။

RSS

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................


anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

လေ့လာရန်

အဖွဲ့ဝင်များအားသိစေရန်


☺☺☺သာသနာပရဟိတ☺☺☺
ကိုလှူဒါန်းလိုပါက

အဖွဲ့ဒုဥက္ကဌ=ကိုလှိုင်ကျော်ထွေး

နေရပ်လိပ်စာ =အမှတ်(733)၊ကုန်းဘောင်(၁၆)လမ်း။ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ငွေလွှဲပို့ လှူဒါန်းရန် လမ်းညွှန်= Account No.0451210053098(Kan bawza bank ltd.Botahtaung)

Name of Account. U HLAING KYAW HTWE

NRC/CRC No(s).12/AUKATA(N) 148171 သို့တိုက်ရိုက်လွှဲပို့၍ဖြစ်စေ

ရန်ကုန်မြို့နယ် ၊ ဗိုလ်အောင်ကျော် လမ်းမပေါ်ရှိ ရိုးမဘဏ်(ကျောက်တံတား ဘဏ်ခွဲ) သို့

လှိုင်ကျော်ထွေး ၊မှတ်ပုံတင်နံပါတ်.12/ဥကတ(နိုင်) 148171 ၊ ဖုန်းနံပါတ် . 09420251552 လိပ်မူပေးပို့၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

မတင်တင်မိုး liked မူကြိုဆရာ's blog post 'အနာထပိဏ် နဲ့ ၀ိသာခါ…'
19 minutes ago
မတင်တင်မိုး liked မြတ်သွင်ကို's blog post 'ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..'
33 minutes ago
Thet Thet Oo liked လှိုင်ကျော်ထွေး's blog post 'သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား'
34 minutes ago
လှိုင်ကျော်ထွေး posted blog posts
1 hour ago
Profile Iconyarmoe, youth youth, yinnyeinngai and 1 more joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
1 hour ago
toeyawai@gmail.com commented on လှိုင်ကျော်ထွေး's blog post 'ကာမဂုဏ်ချမ်းသာတကာတွေထဲမှာ ဘယ်ကာမဂုဏ်ဟာ အချမ်းသာဆုံးလဲ'
"မှတ်သွားပါတယ် ကျေးဇူးပါ"
2 hours ago
မူကြိုဆရာ posted blog posts
2 hours ago
lin lin soe commented on အရှင်ဝဏ္ဏ's blog post 'အပူကင်းစေနိုင်သည့် နည်းလမ်းတစ်ခု'
"လိုက်နာကျင့်ကြံပါ့မယ်ဘုရား...ကျေးဇူးပါဘုရား..............တပည့်တော် ဘုရားပုံတော်ပေးပို့…"
3 hours ago
Thet Thet Oo liked Cho Thandar's blog post 'ကုသိုလ်'
3 hours ago
meemee shared မူကြိုဆရာ's blog post on Facebook
3 hours ago
မြတ်သွင်ကို posted blog posts
3 hours ago
သီရိ commented on thein wai's blog post 'လက်ဆောင်ပေးတဲ့ အထဲမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ ဘာဖြစ်မလဲ ?။'
"ဟုတ်ကဲ့ပါ ကျေးဇူးနော်"
3 hours ago

© 2013   Created by ကောင်းမြတ်မင်း.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...