☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

မိဘမေတ္တာဆိုတဲ့ စကားလူတိုင်းကြားသိဖူးပေမည်။

မေတ္တာတရားဆိုသည် အေးငြိမ်းခြင်း၊ အေးချမ်းခြင်း သဘောသာဖြစ်၏။

သို့သော်လည်း မိမိသား-သမီး(ရင်သွေး)များ ခရီးဝေးမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ပုံမှန်ပြန်လာနေကျ အချိန်မျိုးမှာ အိမ်ပြန်မရောက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် မိဘတွေ စိတ်မချမှု ၊စိတ်ပူလောင်မှုများ ဖြစ်ကြတဲ့အခါ ... .. .. ပတ်ဝန်းကျင်လူတိုင်းလိုလိုက သြော် အဲဒါမိဘမေတ္တာပဲလေ သူ့သားသမီးအတွက် ပူရှာမှာပေါ့တဲ့။

အဲဒါကို မိဘမေတ္တာလို့ သုံးစွဲမှတ်ယူနေတာ မှန်ပါသလား၊၊ ကိုယ့်သား-သမီးအတွက် စိုးရိမ်းလို့ ပူလောင်သောကဖြစ်ရတာ မိဘမေတ္တာလား။

မေတ္တာမှန်လျှင် အေးမြခြင်းသာ ဖြစ်မည်။ ဆွေးနွေးပေးကြပါခင်ဗျာ..။ လေးစားစွာဖြင့်....

ကြည့်နှုန်း= 262

အထက်ပါအကြောင်းအရာကို boxထဲတွင်အသစ်ဆွေးနွေးရန်

ပြန်လည်ဆွေးနွေးချက်များ....(ရိုင်းစိုင်းသောဆွေးနွေးမှုများကိုသီးခံပေးပါရန်)

မိဘဆိုတာက ဖယောင်းတိုင်လိုပဲလို့ထင်ပါတယ်

ကိုယ်က ပူလောင်ပြီး အလောင်ကျွမ်းခံနေပြီး သားသမီးကို အလင်းရောင်ပေးတဲ့သဘောပေါ့

ခုလည်းဒီလိုပါပဲ သားသမီးတွက် စိတ်ထဲကပူပန်နေရလို့ ကိုယ်စိတ်ထဲမှာ ပူလောင်နေရပါသော်လည်း

အဲ့အပူကိုတော့ ဂရုမစိုက်နိုင်ရှာပဲ သားသမီး အေးချမ်းဖို့ အတွက်ကိုသာ စိတ်ထဲကနေ ပူပန်စိုးရိမ်နေရရှာတယ်

အဲ့ဒါဟာ မိဘမေတ္တာလို့သုံးစွဲမှတ်ယူတာမှန်ပါတယ်။

ကိုယ့်သား-သမီးအတွက် စိုးရိမ်လို့ ပူလောင်သောကဖြစ်ရတာ မိဘမေတ္တာပဲပေါ့။

မိဘမေတ္တာမှန်ပါသဖြင့် သားသမီးတွက် အေးမြစေ၊ အန္တရာယ်ကင်းစေပါသည်။

 

ဤ မျှတ၍ မြင့်မြတ်သော ဥပေက္ခာအရသာကို ခံစားလိုသဖြင့် မျက်စိမမှိတ်ခင် သားသမီးများကို အိမ်ထောင်လျာထား ချထားပေး သွားကြသည်လည်း ရှိပေသည်။

 

သားသမီးများအပေါ် သူစိမ်းတရံဆံတို့ ချစ်သည်၊ အကျိုးလိုလားပါ သည်ဆိုခြင်းမှာ မိဘများ မုန်းသလောက်သာ ရှိပေသေး၏။ သားသမီးတို့ အပေါ်၌ ထားရှိသော မိဘတို့ မေတ္တာကား သေခါမှသာ ရပ်စဲတော့၏။

 

ထို့ကြောင့် သတ္တာလောက၌ “မိခင်စိတ်” လောက် မြင့်မြတ်သော စိတ်မရှိပေ။ မြတ်စွာဘုရားကလည်း သတ္တ၀ါတိုင်း အပေါ် မေတ္တာထားရန် ညွှတ်ပြတော်မှုရာ၌ ထိုမိခင်စိတ်ကို ဥပမာပေးတော်မှုခဲ့သည်။

 

သားသည် နွားမကြီးအား လှံဖြင့် ထိုးသတ်၍ မသေခြင်းမှာ နို့စို့နေသော နွားသားငယ် အပေါ်ထားသော ထိုသည့် မိခင်မတ္တောကြောင့်ပင် ဖြစ်ပေသည်။

 

မဟာပထ၀ီမြေကြီးသည် လည်းကောင်း၊ မဟာသမုဒ္ဒရာ၊ မြင်းမိုရ်တောင်နှင့် အဇဋာ ကောင်းကင်ကြီးသည် လည်းကောင်း မိဘမေတ္တာနှင့် နှိုင်းစာလျှင် သေးငယ်ကျဉ်း ကျုံး၍ သွားကုန်၏၊ မိဘမေတ္တာသည် အနန္တဖြစ်သောကြောင့်ပေတည်း။

အခုလို ပါဝင်ဆွေးနွေးတဲ့ ညီမတောသူမလေး ကျေးဇူးပါနော်

အဘိဓမ္မာသဘောနဲ့ စိတ်-သရုပ်ကို ခွဲခြားတင်ပြပေးတဲ့ ဦးဇင်အရှင်ဝဏ္ဏသာရာလင်္ကာရ ကျေးဇူးပါဘုရား...။

မိခင်သောက နဲ့ မိခင်မေတ္တာ တူသလိုလိုနဲ့ မတူပါဘူး။ တရားကိုယ်ကောက်ရင် တခြားစီပါ။ ဒါပေမယ့် မိခင် သောက ဒေါမနဿ ဖြစ်နေတာကိုဘဲ မိခင်မေတ္တာလိုလို ပြောနေကြတာပါ။ ဘုန်းဘုန်း အရှင်ဝဏ္ဏသာရာလင်္ကာရ
ရှင်းပြထားတာတွေဟာ
အဘိဓမ္မာလာအတိုင်း ပြောပြထားတာပါ။
အဘိဓမ္မာပေတံနဲ့ တိုင်းမှ သောကနဲ့ မေတ္တာ ကွဲကွဲပြားပြား သိနိုင်ပါတယ်။

မှန်ပါတယ်ခင်ဗျာ။ဘုန်းဘုန်း မိန်.ထားတာတွေဟာ အဘိဓမ္မာလာ အတိုင်း စိတ်တွေကိုသေချာခွဲပြောထားတာပါ။စိတ်ပူနေဆဲမှာ မေတ္တာလို. မခေါ်နိုင်တော.ပါဘူး။စိတ်နှစ်စိတ်ဟာလည်းပြိုင်ဖြစ်ရိုးမရှိပါဘူး။ဒါပေမယ်. ဒီအပူဟာ ဘယ်ကလာတာလဲဆိုရင် တော. သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ. သားသမီးအပေါ်ဘယ်လိုမြင်သလဲ(ဒီနေရာမှာ သမုတိသစ္စာ နဲ. ပရမတ်ထ္ထသစ္စာ ၂ မျိုးလုံးနဲ.စဉ်းစားစေချင်ပါတယ်) ဆိုတာမှာ တည်မယ်ထင်ပါတယ်။ သားသမီးအပေါ်မှာ ထားတဲ.မိဘမေတ္တာက တော.ဘယ်သူနဲ.မှ နှိုင်းယာဉ်လို.ရမှာမဟုတ်ပါဘူး။ဘုရားရှင်က မေတ္တာပို.ရင်
တောင် တစ်ဦးတည်းသောသားအပေါ်ထားတဲ.မိခင်တစ်ဦးရဲ.စိတ်မျိုးထားပြီးပို.ကြဖို.တိုက်တွန်းဟောကြားတော်မှုခဲ.ပါတယ်။မေတ္တာစိတ်စစ်မှန်ဖို.
ရည်ညွှန်းပေးတော်မှုခဲ.တာပါ။ ဒီနေရာမှာ သတိထားဖို.က မေတ္တာ ကမ္မဌာန်းဟာ သမထ ကမ္မဌာန်းဖြစ်ပြီး ပညတ်ကိုအာရုံယူတယ်ဆိုတာပါ။အဲဒီကနေတဆင်. လက္ခဏာ ၃ ပါးတင်ပြီး ၀ိပဿနာပြောင်းလို.ရပါတယ်။ ဆိုလိုတာက ခင်ဗျာ လောကသမုတိသစ္စာ နဲ.ပရမ္မထ္ထသစ္စာ နှစ်မျိုးလုံးကို နားလည်ဆက်စပ်တတ်ဖို.ပါပဲ။သစ္စာ ၂ မျိုးလုံးဟာ သူ.နယ်နဲ.သူအသုံးဝင်ကြပါတယ်။ပါယ်စရာမလိုကြောင်းနှင်. ပါယ်ရမှာ ကိလေသာ သာဖြစ်ကြောင်းပါ။ဒါကြောင်. ဒါမေတ္တာ မဟုတ်ဘူးလို.ပြောရင် ရုတ်တရက် နားလည်ခံစားဖို.ခက်တတ်လို.ပါ။ ဒါကြောင်.ရှေးပညာရှိများက ပညတ်ပရမတ်နှစ်ခုစပ်မှမြတ်တယ်လို. ဆုံးမခဲ.ကြတာပါ။ စကားနဲနဲ ရှည်သွားရင် ခွင်.လွှတ်ပါခင်ဗျာ။

ကျွန်တော့်အမြင်ပြောကြည့်မယ်နော်.. အချိန်တန်လို့ အိမ်ပြန်မလာတဲ့သားသမီးအတွက် စိတ်ပူရတဲ့မိဘတွေကို
"သြော်..အဲဒါ မိဘမေတ္တာပဲလေ"လို့ ဘေးလူတွေကဆိုကြပါတယ်..၊ အဲဒီမှာ သူတို့ဆိုလိုချင်တဲ့ အဓိပ္ပါယ်က မိဘတွေက သားသမီးတွေကိုချစ်ကြ၊မေတ္တာထားကြလေတော့ နည်းနည်းလေးစိုးရိမ်စရာ
ကိစ္စပေါ်တာနဲ့ စိုးရိမ်သောကရောက်ကြတာကိုဆိုလိုတာဖြစ်ပါလိမ့်မယ်..၊ အဲဒီ့မိဘက သူမချစ်တဲ့လူ၊မေတ္တာမရှိတဲ့လူအတွက်ဆို
အဲဒီ့လိုဘယ်စိုးရိမ်ပါ့မလဲပေါ့၊
စိုးရိမ်သောက ကို မေတ္တာလို့ဆိုလိုတာမဟုတ်နိုင်ပါဘူး..၊ ကျွန်တော့်အမြင်ပါ..။

သားသမီးကိုမိဘကချစ်တာ မေ့တ္တာထားတာ ဟာ အေးမြတဲ့မေ့တ္တာ ဖြစ်ချင်ရင်တော့ အဲဒီမိဘကိုယ်တိုင် မေ့တ္တာရဲ့သဘောကိုသိနိုင်ပါမှ မေ့တ္တာတရားကို
ခံစားသုံးဆောင်နိုင်ခွင့်ရမှာပါ မေ့တ္တာအစစ်အမှန်ကတော့ လုံးဝမပူလောင်ပါဘူး တစ်ကယ်အေးမြပါတယ်...ဘုရားဟောထားတဲ့ဇတ်တော်တွေထဲမှာလဲပါပါတယ် သားကိုချစ်လွန်းတဲ့အမေသားကိုစိတ်မချနိုင်တဲ့အမေကသားကိုစွဲပြီးသေတာ
ခွေးဖြစ်သွားပါတယ်အဲဒီဇတ်တော်ကို ကျွန်တော်နာဖူးပါတယ် “““မေ့တ္တာဆိုပြီး သောက အရောင်ဆောင်တတ်ပါတယ်”” ....သုံးဆယ်တစ်ဘုံလောကသားတွေကို တန်းတူသော ဂရုဏာသက်ရောက်ပါမှ တစ်ကယ့်မေ့တ္တာတရားကို ခံစားနားလည်နိုင်မှာပါ ....
(ရေးတာမှားခဲ့ရင်လဲ အသိဥာဏ်မကြွယ်သေးသဖြင့် ခွင့်လွတ်နိုင်ကြပါစေ.....)ဖိုးထောင်/ကျောက်မဲ

မေတ္တာဆိုတဲ့အရာကတော့ သူ့အဓိပ္ပါယ်နဲ့သူရှိပြီးသားပါ ၊ အပိုင်းခြားအကန့်အသန့်မရှိပဲ သတ္တဝါ အများပေါ် ချစ်ခင်မြတ်နိုးတဲ့စိတ် ၊ ညှာတာထောက်ထား
တဲ့စိတ် ၊သတ္တဝါတစ်ဦးတစ်ယောက်ကို ရန်လိုမုန်းတီးမှုမရှိတဲ့စိတ်တွေဟာ မေတ္တာတရားရဲ့အဓိပ္ပါယ်တချို့ပဲ့ဖြစ်ပါတယ်။ ဒီမေတ္တာစစ်မေတ္တာမှန်ဟာ အကန့်
အသန့် အပိုင်းအခြားမရှိပါဘူး ၊ မိဘတို့သားသမီးတို့အပေါ်၌ထားရှိတဲ့မေတ္တာကတော့ အပိုင်းခြားကန့်သန့်မှုရှိပါတယ် ၊ နောက်ပြီးတော့ တဏှာကလည်း
ပါသေးတယ် ၊ တဏှာပါလာရင်စွဲလမ်းမှုရှိလာမယ် စွဲလမ်းမှုဖြစ်ရင် ပူလောင်မှုဖြစ်လာမယ် ၊ ဒီအချက်တွေက မေတ္တာစစ်နဲ့ လမ်းခွဲသွားပါပြီ ။
ဒါပေမဲ့ မိဘနဲ့သားသမီးတွေကြားက ချစ်ခင်မှုတွေကိုတင်စားခေါ်ဝေါ်ဖို့ ဒီမေတ္တာအမည်ကလွဲလို့ တခြားရှိမယ်မထင်ပါဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ မေတ္တာ
စစ်အမှန်တွေထဲက အဆီအနှစ်တချို့ဟာ မိဘတွေ သားသမီးအပေါ်ထားရှိတဲ့ မေတ္တာ (သို့မဟုတ်) ပုဂ္ဂလိကမေတ္တာထဲမှာ ပါဝင်နေလို့ပါပဲ ။ ဘာပဲပြောပြော
အစစ်အမှန်မဟုတ်တောင်မှ သွေးသားလေးတချို့တော်စပ်နေလို့ မေတ္တာဆိုတဲ့စကားလုံးကိုသုံးစွဲတာ သူ့ဘောင်နဲ့သူ တော့ နားလည်ပေးနိုင်ပါတယ်ခင်ဗျား။
မေတ္တာအစစ်တော့မဟုတ်ပါကြောင်း..... လေကြောရှည်သွားတာကို သီခံပေးကြပါခင်ဗျား.. အားလုံးကို ခင်မင်လေးစားလျှက်..

မိဘများက ခရီးဝေးသွားနေသော သားသမီးများ၊ အိမ်ပြန်နောက်ကျတဲ့ သားသမီးများအတွက် စိုးရိမ်ပူပန်မှုများသည် အမှန်စင်စစ် မေတ္တာမဟုတ်ပါ။
အဘယ့်ကြောင့်ဆိုသော် မေတ္တာစစ်တို့မည်သည် စိုးရိမ်ပူပန်မှု သောက ပရိဒေ၀မပါသော သတ္တ၀ါများအပေါ်မှာ အညီအမျှချစ်ခြင်းကိုဆိုလိုပါသည်။
မိဘများက သားသမီးများအပေါ်မှာ ခင်မင်တွယ်တာခြင်းသည်လည်း မေတ္တာအစစ်မဟုတ်ပါ။ ဂေဂဿိတပေမ ခေါ်သော တဏှာအနုစားသာဖြစ်၏။
သို့ဆိုလျှင် မိဘမေတ္တာတရား ဘယ်သွားထားမလဲဟု မေးစရာရှိပါမည်။ အဖြေကတော့ မိဘများက သားသမီးများကို ကြီးပွားချမ်းသာစေချင်သည်၊
ဘေးရန်ကင်းစေချင်သည်၊ ကိုယ်စိတ်ဆင်းရဲမှုကင်းစေခြင်သည် ထိုအရာမည်သည် မေတ္တာမည်ပါသည်။ ဘေးရန်ကင်းစေချင်သော မေတ္တာဟူသည်
သားသမီး ဘေးရန်ကင်းကြပါစေ ဟု ပွားများပို့သနေခြင်းတည်း။ ထိုသို့ပွားများပို့သရင်းပင် ပုထုဇဉ်တို့ သဘာဝအလျှောက် အန္တရာယ်များကြုံနေလား
ဟု စိုးရိမ်ပူပန်မှုရောထွေးသွားလျှင် စိုးရိမ်ပူပန်မှု သောကက အတုအယောင်ဝင်လာတတ်ပြန်သည်။ ဆိုလိုသည်မှာ စိုးရိမ်ပူပန်မှု သောကမပါသော
ဘေးရန်မှ လွန်ကင်းစေလိုသော ကောင်းကျိုးချမ်းသာလိုလားသော စိတ်မျိုးကိုသာ မေတ္တာဟု ဆိုနိုင်ပါသည်။

် စိုးရိမ်လို့ ပူလောင်သောကဖြစ်ရတာ....ဆိုကတည်းကမေတ္တာမဟုတ်တာသေချာပါတယ်...အကို..။
မေတ္တာရည်စိမ်ထားတဲ့ သောကလို့ ပဲကျနော်မြင်ပါတယ်...ကျနော်ကိုယ်တိုင်ကမိဘဖြစ်နေလို့ ပါခမျာ....။
ကိုယ့်သား-သမီးအတွက် စိုးရိမ်းလို့ ပူလောင်သောကဖြစ်ရတာ..အင်မတန်မှပူလောင်လှပါတယ်ဗျာ...။မေတ္တာမှန်လျှင် အေးမြခြင်းအတိရှိရမှာလို့ ထင်မိပါတယ် အကို...။

RSS

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

tin aung bo သည်thein wai's ၏ 'ပဋိစ္စသမုပ္ပာဒ် ၁၂ ပါး။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
သောကြာ
tin aung bo သည်thein wai's ၏ 'ဓမ္မနဲ့ ပတ်သက်ပြီး “၀ိဝါဒ” မဖြစ်ပွားရလေအောင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
သောကြာ
ဖိုးကံထူး သည်thein wai's ၏ 'အသက်တိုရတာ။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 14
ဖိုးကံထူး သည်yupar ayeကို မှတ်ချက်ရေးခဲ့ပါသည်။
"မတွေ့တာကြာပီလာလည့်ပါတယ်ဘယ်ရေက်နေလဲမမ"
Sep 14
ဖိုးကံထူး သည် thein wai's၏ 'သူတော်ကောင်းရဲ့ စိတ်နေသဘောထား(ရှင်ပုဏ္ဏက)။'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"တန်ဖိုးရှိလိုက်တာဘုရားကျင့်နိုင်အောင်ကြိုးစား၇အုံးမယ်"
Sep 14
tin aung bo သည်thein wai's ၏ 'အရှင်နန္ဒမာလာဘိဝံသ၏ လှူတတ်ဖို့လိုတယ်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 14
tin aung bo သည်thein wai's ၏ 'ကိုယ့်သန္တာန်မှာ တရားရှိ မရှိ၊ သိချင်လျှင်။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 14
tin aung bo သည်thein wai's ၏ 'ဆရာတော်ဦးသုမင်္ဂလဘုရား၏ ဆုံးမစကားအချို့။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 14
tin aung bo သည်thein wai's ၏ 'တရားအားထုတ်မည့်သူ၌ ရှိရမည့် အပရိဟာနိယတရား ၇ ပါး။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 13
tin aung bo သည်thein wai's ၏ 'ကိုးဘွဲ့ရဆရာတော်၏ " အသဲနာတယ် "။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 13
ဖိုးကံထူး replied to သုခ's discussion 'အာနာပါန'
"လေကိုမှတ်၇မှာမဟုတ်ဘူးနားသီဝမှာဝင်လေသိထွက်လေသိကိုသတိထားကြည့်၇မှာ…"
Sep 9
ဖိုးကံထူး သည်thein wai's ၏ 'အရှင်သာရိပုတ္တရာရဲ့ အတုယူစရာစိတ်ဓာတ်ကောင်း။' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
Sep 9

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...