☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺သည်( ၂၀၁၁ )ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 

 

☺☺☺ဗုဒ္ဓကမ္ဘာသာသနာပရဟိတအသင်း☺☺☺

ဗုဒ္ဓကမ္ဘာဆိုဒ်အတွင်းသို့ရောက်ရှိလာကြကုန်သောဓမ္မမိတ်ဆွေများသည်(လောဘ၊ဒေါသ၊မောဟ) ကင်းကွာပြီး စိတ်ချမ်းသာစွာဖြင့်တရားဓမ္မများကို(ရှာဖွေ၊ဆွေးနွေး၊လေ့လာ၊)နိုင်ကြပါစေသတည်း။

MSN Icon  Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon  MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

ကမ္ဘာပေါ်တွင်ရှိကြကုန်သော... ခရစ်ယာန်ဘာသာဝင်များ... အစ္စလာမ်ဘာသာဝင်များ... ဟိန္ဒူဘာသာဝင်များအားလုံး... ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့... ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား... ကျွန်တော်တို့ (Buddhismworld's Admins) မှ ... ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကမ္ဘာပေါ်မှ လူသားများအားလုံးနှင့် (၃၁)ဘုံတွင်ရှိကြကုန်သော... သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ... သတ္တ၀ါတိုင်းတရားကိန်းငြိမ်းအေးနိုင်ကြပါစေ...

ဓမ္မမိတ်ဆွေများခင်ဗျာ....
ဗုဒ္ဓဘာသာမှာ အလှူနဲ့ပတ်သက်ပြီး အရပ်ထဲ၊ရွာထဲ အလှူခံဌာနအားလုံးလိုလိုမှာ ပြောဆိုအလှူခံကြရာ၌

1။ မရှိလို့မလှူ မလှူလို့မရှိ မဖြစ်ရလေအောင်ဆိုတဲ့ စကား။
2။ သူဌေးကြီး(4)ဦးကဲ့သို့ ပေး၍မကုန် လှူ၍မခမ်း ပဒုမ္မာရွှေကြာပန်းကဲ့သို့ ပွင့်လန်းနိုင်ကြပါစေ

ဆိုတဲ့ ဆုပေးစကားများဟာ ကိလေသာနည်းကြောင်းကိုဖြစ်စေပါသလား....(သို့) ကိလေသာများကြောင်းကို ဖြစ်စေပါသလား။

(၁) ရှိလို့လှူတာ
(၂) ရှိဖို့လှူတာ
(၃) သိလို့လှူတာ (၃)မျိုးမှာ မည်သည့်အုပ်စုထဲ ရောက်နေပြီလဲ။ ဗုဒ္ဓအလိုကျဖြစ်ပါရဲ့လား........။

ခင်မင်လေးစားစွာဖြင့် ဆွေးနွေးကြပါခင်ဗျာ။

ကြည့်နှုန်း= 181

အထက်ပါအကြောင်းအရာကို boxထဲတွင်အသစ်ဆွေးနွေးရန်

ပြန်လည်ဆွေးနွေးချက်များ....(ရိုင်းစိုင်းသောဆွေးနွေးမှုများကိုသီးခံပေးပါရန်)

မရှိလို့မလှူ မလှူလို့မရှိဆိုတာ လှူချင်စိတ်မရှိလို့ မလှူတာ
အဲ့ဒီလိုမလှူခဲ့လို့ အခုဘဝမှာမရှိတာလေ ဒါပေမဲ့ အလျူခံဌာနတွေမှာ
အဲ့လိုပြောပြီအလှူခံတာတော့မကောင်းဘူထင်တယ်နော်။
လှူချင်ပေမဲ့ ငွေမပါလာရင် ဘယ်လိုလုပ်မှာလဲ
လူတွေအများရှေ့မှာဆို သူ့ခမျာ ရှက်မှာဘဲနော်
ဘာဘဲပြောပြော ဗုဒ္ဓဘာသာဝင်တွေအားလုံး သဒ္ဒါအားမနည်းပါဘူး လှူချင်ကြတာပါဘဲ
အခြေအနေအရ ပေါ့နော် ။

နောက်တခုက လှူတယ်ဆိုတာ စွန့်လွတ်မူ့တခုဘဲ
လောဘတရားရဲ့ ဆန့်ကျင်ဘက်လေ ကိုယ့်ချွေးနဲစာကို အလွယ်တကူ စွန့်နိုင်ဘို့
လောဘတရား(ကိလေသာ)နဲ့ မသိစိတ်မှာ အားပြိုင်ရတာပါ
ဗုဒ္ဓလောင်းလျှာလို အသက် စည်းစိမ် သားမယား ဒါတွေစွန့်ခဲ့ရတာ
စဉ်စားကြည့်လေလေ ကြည်ညိုလေဘဲ။

ကိုလှိုင်ကျော်ထွေးရေ ညီမတော့ အတော်စဉ်းစားတာတောင် အဖြေက မထွက်ဘူး ဥာဏ်မမီဘူး..ဖြစ်နေတယ်..:(
သိပ်တော့ သေချာမသိဘူး ရသလောက်တော့ ၀ိုင်းပြောကြည့်မယ်...:)

မရှိလို့ မလှူ မလှူလို့မရှိဆိုတဲ့ စကားက ဆင်ခြေပေးတတ်သူတွေ တီထွင်ထားတဲ့ စကားလို့ ထင်တယ်..လှူချင်ရင် ရှိပါတယ်..အနည်းဆုံး.အိမ်တိုင်းမှာ ရေရှိတယ်..ရှိတဲ့ရေ လှူလို့၇တယ်..ရေအကျိုးဆယ်ပါး တောင်းစရာ တောင် မလိုဘူး :) အဲဒီလိုကို လက်ခံထားကြရမှာ။ဒါပေမယ့် အခုတော့ မရှိလို့ မလှူ မလှူလို့ မရှိ ဆိုတာကို နိဗ်ဗာန်ဆော်မှာ ဟောနေတာ များလာတော့ လူတွေ နားယဉ်ပြီး လက်ခံလာတာပဲ..ငါတို့မရှိတော့ မလှူနိုင်ဘူး..ဆိုပြီး.. တချို့လူတွေအတွက် မှားတဲ့ အသိတွေ ရစေတာတော့ မှန်တယ်

ဒါနဖြင့် လောဘကို သတ်ရ၏ တဲ့...ဒါနပြုဖြစ်ရင်တော့ ကိလေသာ ပါးဖို့ အထောက်ပံ့ ဖြစ်မယ်

တဖက်မှာ ကြည့်ရင်လဲ နိဗ်ဗာန်ဆော် ရတာ သိပ်တော့ မလွယ်လှဘူး :)

လှူတယ်ဆိုတာ အတ္တ ကိလေသာ ကို လျှော့ပါးစေတာ အမှန်ပါပဲ.......
ဥာဏ်ပါပြီး လှူရင် ပိုကောင်းပေါ့ဗျာ.....


အလှူပြုကြရာဝယ် စေတနာသုံးတန်နှင့် ဒါနအင်္ဂါလက္ခဏာများ ပြည့်စုံရန် အထူးလိုအပ်ပါတယ်။ သို့မှသာ ရှိလို့လှူတာ၊ ရှိဖို့လှူတာထက် သိလို့လှူတာဖြစ်သလို ဗုဒ္ဓအလိုကျဖြစ်စေနိုင်မှာပါ...


အလှူဒါနနှင့် ပတ်သက်လာလျှင် စေတနာသည် မပါမပြီး အရေးကြီးသည်။ စေတနာမရှိလျှင် မလှူဒါန်းနိုင်၊ စေတနာရှိမှသာ လှူဒါန်းနိုင်၏။ စေတနာဆိုရာမှာလည်း ပုဗ္ဗ မုဉ္စ အပရ ဟူ၍ သုံမျိုးရှိသည်။ စွန့်လွတ် လှူဒါန်းတုန်း လှူဒါန်းဆဲ၌ ဖြစ်ပေါ်သော စေတနာကို မုဉ္စစေတနာဟု ခေါ်သည်။ ဤ မုဉ္စစေတနာသည်သာလျှင် ဒါနတရားကိုယ် အစစ်ဖြစ်သည်။


အလှူဒါနပြုလုပ်ရာတွင် မလှူဒါန်းမီရှေ့အဖို့၌ လှူဖွယ်ဝတ္ထုများကို စုဆောင်းရှာဖွေရာအခါမှစ၍ “ငါသည် လောကီလောကုတ္တရာ များစွာသော စည်းစိမ်တို့၏ အကြောင်းဖြစ်သော အနုဂါမိတ (ဘ၀စဉ်ဆက်လိုက်တတ်သော) အလှူကုသိုလ်ကို ပြုရတော့မည်” စသည်ဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းသည် ပုဗ္ဗစေတနာမည်၏။


လှူဖွယ်ဝတ္ထုပစ္စည်းအစုစုကို အလှူခံပုဂ္ဂိုလ်၏ လက်တွင်းသို့ ထည့်၍ စွန့်လွှတ်လှူဒါန်းဆဲအခါ “အနှစ်သာရမရှိသော ပစ္စည်းမှ အနှစ်သာရရှိသော ကုသိုလ်မျိုးစေ့ကို ထုတ်ယူနေပါတကား”ဟု စိတ်ကြည်လင်ရွှင်ပြစွာ လှူဒါန်းမူသည် မုဉ္စစေတနာမည်၏။


ပေးလှူပြီးနောက် “ ငါသည် ပညာရှိတို့ ချီးမွမ်းအပ်သော လှူဒါန်းမူကို ပြုလုပ်ခဲ့ရပေပြီ၊ ကောင်းပေစွ” ဟု အဖန်ဖန် အထပ်ထပ် အောက်မေ့ အမှတ်ရကာ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းသည် အပရစေတနာ မည်၏။


ဤသို့လျှင် စေတနာသုံးတန်ပြည့်ဝစွာ လှူဒါန်းအပ်သော အလှူဒါနသည် အကျိုးကြီးမားလှသည်။ လှူဒါန်းသူဘက်က ဤစေတနာသုံးတန်ပြည့်ဝရေးသည် အရေးကြီးသော အင်္ဂါရပ်ဖြစ်သည်။


ထို့ပြင် အလှူဒါနအကျိုးကြီးမားထက်သန်ရေးအတွက် အလှူခံပုဂ္ဂိုလ်သည် ရာဂကင်းသူ၊ သို့မဟုတ် ရာဂကင်းရန် ကျင့်ကြံနေသူ ဖြစ်ရမည်။
ဒေါသကင်းသူ၊ သို့မဟုတ် ဒေါသကင်းရန် ကျင့်ကြံနေသူ၊ ဒေါသ မောဟကင်းရန် ကျင့်ကြံပြီး ကျင့်ကြံဆဲ ဖြစ်တော်မူကြကုန်သော ပုဂ္ဂိုလ်မြတ်တို့မှာ အကောင်းဆုံးသော အလှူခံပုဂ္ဂိုလ်မြတ်များ ဖြစ်ကြသည်။ အခြားပုဂ္ဂိုလ်တို့မှာမူ သာမာန်အလှူခံပုဂ္ဂိုလ်မြတ်များ ဖြစ်ကြသည်။ ဤသို့လျှင် အလှူပေးသူနှင့် အလှူခံသူ နှစ်ဦးနှစ်ဖက် အင်္ဂါလက္ခဏာနှင့် ပြည့်စုံရန် လိုအပ်ပါသည်။


ထို့ကြောင့် အလှူဒါနမြောက်ရန်အတွက် အလှူပေးသူ၊ အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ဝတ္ထု၊ လှူကြောင်းစေတနာ၊ ဤလေးပါးပြည့်စုံလျှင် ပေးလှူမူ ဒါနမြောက်၏။ လှူဖွယ်ဝတ္ထုသည် တရားသဖြင့် ရှာဖွေရရှိသော(ဓမ္မိယလဒ္ဓ) ပစ္စည်းဝတ္ထုဖြစ်ပါမူ အလှူဒါနအကျိုးတရား ပိုမိုကြီးမားသည်။


သမုဒ္ဒရာရေ ပမာဏကို တစ်မူတ် တစ်ဖလား တစ်အိုးစသည်ဖြင့် ရေတွက်ခြင်ငှါ မတတ်ကောင်းသလို အထက်ပါအင်္ဂါများနှင့် ပြည့်စုံသော အလှူဒါန၏ အကျိုးအာနိသင် အတိုင်းအရှည်ပမာဏကိုလည်း ဤရွေ့ ဤမျှရှိ၏ဟု မရေတွက် မမှန်းဆနိုင်ပေ။

ဟုတ်ကဲ့ပါ ... အခုလို ပါဝင်ဆွေးနွေးကြတဲ့ ဓမ္မမိတ်ဆွေများကို ကျေးဇူးတင်ပါ၏

RSS

စတင်တည်ထောင်သူ

Android phone (ဗုဒ္ဓကမ္ဘာ)

................................................

 

 

anigif anigif1 anigif2 2anigif 4anigif anigif

အသစ်တင်တိုင်းပို့ပေးပါမယ်။

သင့်မေးချန်ထားခဲ့ပါ

http://s10.postimage.org/cmzjkbrol/0002064_D.gif

Delivered by FeedBurner

အဖွဲဝင်များ

နေ့စဉ်ဘလော့များ

အထူးထင်ရှားသောဘလော့ဂ်များ

နောက်ဆုံးလုပ်ဆောင်ချက်များ..

thein wai သည် ဘလော့တင်သွားပါသည်။
Jun 2
ညီထွေး သည်အရှင်ဝိမလဝံသ's ၏ '“သတိထားဆင်ခြင်ဖွယ် မပေးလှူကောင်းသော အလှူ(၁၀)မျိုး”' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
ညီထွေး သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 28
နှင်းဖြူ သည်ဦးထွန်းလင်းဦး's ၏ 'ဝိပဿနာဖြင့်​ မရဏလမ်းကို ​ကျော်​ဖြတ်​ခြင်း' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
နှင်းဖြူ သည်phyuthi's ၏ 'ဗုဒ္ဓကမ္ဘာသာသနာဟိအသင်း (၁၇) ကြိမ်မြောက်အလှူပွဲ @@@@@@@@@@@@@@@@@@@ အတွက် အသိပေးနိုးဆော်ခြင်း @@@@@@@@@@@' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 27
OHNMAR သည် Thein Naing Ohn's၏ '၀ိဝေကသုံးပါး နှင့် ပပဉ္စတရား'ဘလော့ တွင်မှတ်ချက်ရေးခဲ့ပါသည်။
"ကျေးဇူးပါနော်"
မေ 22
အရှင်ပညာသိရီ သည်သူရ​အောင်​'s ၏ 'ဝိရိယ၏ အရည်​​သွေ​လေးမျိုး' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်Thet Thet Aung's ၏ 'အချိန်၃မိနစ်ပေးဖတ်ပါ' ဘလော့ ကို နှစ်သက်ခဲ့ပါသည်။
မေ 4
အရှင်ပညာသိရီ သည်profileကိုပြုပြင်သွားသည်။
မေ 4
Profile Iconkyaw wunna tun and Daw Yee Yee Swe joined ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
Apr 29

© 2017   Created by A BuddhismworldAdmin.   Powered by

Badges  |  Report an Issue  |  Terms of Service

; Related Posts Plugin for WordPress, Blogger...